7

2.8K 375 12
                                    

သက်​ပိုင်​အတွက်​ မနက်​မိုးလင်းလို့ အိပ်​ရာထချိန်​မှစ ညအိပ်​ရာဝင်​ချိန်​အထိ ​တွေး​နေမိသည့်​အ​တွေးသည်​ကား ​သူ့​တောင်းဆိုချက်​ကို ခွန်​ချန်းလက်​ခံ​ပေးဖို့ရာအတွက်​ မည်​သို့​သော​တောင်းဆိုနည်းဖြင့်​ ​တောင်းဆိုရမလဲဆိုတာပင်​။ ဒီလိုမျိုး ​နောက်​မဆုတ်​တမ်း လိုက်​​တောင်းဆို​နေပါက သူ့ရဲ့ဇွဲကို ခွန်​ချမ်းလည်းချီးကျူးပြီး လက်​ခံမည်​လို့ထင်​သည်​။ ခွန်​ချမ်း လက်​မခံမချင်း သူလည်း​နောက်​ဆုတ်​ဖို့အစီအစဉ်​မရှိပါ။ ​သေချာ​ပေါက်​ 'ဆန်းကြယ်​​သော ချစ်​ခြင်းတရား´ဆိုတဲ့ ဝတ္ထုစာအုပ်​ရဲ့ စာအုပ်​မျက်​နှာဖုံးသည်​ ခွန်​ချမ်းရဲ့လက်​ရာဖြစ်​ရမည်​။

သေချာ​သောအ​တွေးတစ်​ခု​ကြောင့်​ သက်​ပိုင်​ကပြုံးလိုက်​မိကာ ခွန်​ချမ်းရှိရာ တတိယနှစ်​အခန်းဆီသို့ သွား​နေသည့်​သူ့​ခြေလှမ်း​တွေကို အရှိန်​ပိုထည့်​လိုက်​သည်​။ ​လှေကား​ပေါ်မှဆင်းခဲ့ပြီး တတိယနှစ်​အခန်းရှိရာဘက်​သို့ ချိုး​ကွေ့လိုက်​ချိန်​ တတိယနှစ်​အခန်းဆီမှ ခွန်​ချမ်းထွက်​လာသဖြင့်​ သူ့​ခြေလှမ်း​တွေအား ​နောက်​ပြန်​ဆုတ်​ကာ ​လှေကား​ပေါ်ပြန်​တက်​ပြီး ​လှေကားလက်​ရန်းက​နေ ​ခေါင်းပြူ ထွက်​၍ ခွန်​ချမ်းထွက်​အလာကို ခိုးကြည့်​​နေမိ၏။

"သွားပြီ သွားပြီ"

သက်ပိုင်​က ​လှေကား​ပေါ်မှအမြန်​ဆင်းကာ ခွန်​ချမ်း​နောက်​သို့ မသိမသာလိုက်​သွားသည်​။ ခွန်​ချမ်းက စာကြည့်​တိုက်​သို့ ဦးတည်​သွား​နေသဖြင့်​ သက်​ပိုင်​လည်း ​သူ့ခြေလှမ်း​တွေအား ခပ်​ဖွဖွလှမ်းကာ ခွန်​ချမ်း​နောက်​က​နေ မသိ​အောင်​လိုက်​ရသည်​။ လိုက်​​နေရင်းမှ ဒီလိုပုန်းလျှိုးကွက်​လျှိုးလုပ်​ဖို့ လိုအပ်​​လေသလားလို့​တွေးမိ​တော့ သူ့​ခြေလှမ်း​တွေသည်​ကား တိခနဲရပ်​သွား၏။

"မဟုတ်​လည်း လက်​ခံ​ပေးဖို့​တောင်းဆိုရင်​ မျက်​နှာချင်းဆိုင်​ကြည့်​ ​တောင်းဆိုရမှာပဲမလား ​ပေါ်တင်​လိုက်​တာပဲ​ကောင်းပါတယ်​"

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now