20

2.5K 298 15
                                    

Tanabataပွဲ​တော်​​ကြောင့်​ သက်​ပိုင်မှာ အရင်​​နေ့​တွေထက်​ပိုတက်​ကြွ​နေသည်​။ ပွဲ​တော်​​ကြောင့်​ စာသင်​ချိန်​​တွေမရှိသဖြင့်​ ​လွယ်​အိတ်​မယူခဲ့​​တော့​ပေ။ ​သို့​သော်​လည်း ပွဲ​တော်ပြီးချိန်ကိုမှန်း​၍ ​နောက်​ပိုင်းကျသည့်​အချိန်​များရဲ့ စာအုပ်​နှစစ်​အုပ်​သုံးအုပ်​​လောက်​​တော့ ဆိုင်​ကယ်​boxထဲထည့်​ ယူခဲ့ပါသည်​။ ​နေ့တိုင်းထည့်​​နေကျ ​ထောပတ်​သီး​ဖျော်​ရည်​ဘူးကို​တော့ ဘူးကြိုးဖြင့်​ ပခုံး​ဘေးသိုင်းလွယ်​ယူခဲ့၏။ ​ထောပတ်​သီး​ဖျော်​ရည်​က​တော့ မပါလို့မဖြစ်​​ပေ။

သက်​ပိုင်​က ဆိုင်​ကယ်​​မောင်း​နေရင်းမှ ခွန်​ချမ်းရဲ့ခြံ​ရှေ့သို့​ရောက်​ခါနီးလျှင်​ ခွန်​ချမ်းရဲ့ခြံ​ရှေ့သို့ ကြားခံအရာဝတ္ထု​တွေအား​ ကျော်​၍ကြည့်​လိုက်​သည်​။ ခြံ​ရှေ့မှာ ခွန်​ချမ်းက ဆိုင်​ကယ်​​ပေါ်ထိုင်​​ပြီး သူ့အလာကို ​စောင့်​​နေတာပင်​။ ခွန်​ချမ်းလည်း လွယ်​အိတ်​မပါ​ပေ။ သက်​ပိုင်​ကပြုံးမိသွားကာ ခွန်​ခန်းဆိုင်​ကယ်​​ရှေ့၌ ရပ်​လိုက်​သည်​။

"ချမ်းငြိမ်းရာ"

"လာပြီပဲ"

ခွန်​ချမ်းက ​သေချာမတ်​တပ်​ရပ်​လိုက်​ပြီး သက်​ပိုင်​ကိုကြည့်​လိုက်​သည်​။ အရင်​မြင်​ရတာက ပခုံးသိုင်းလွယ်​ထားသည့်​ ​ထောပတ်​သီး​ဖျော်​ရည်​ဘူးကို​ပေ။ ခွန်​ချမ်းပြုံးမိသွား၏။

သက်​ပိုင်​က ခွန်​ချမ်းကိုကြည့်​ကာ......

"လွယ်​အိတ်​မပါဘူးလား"

"ဆိုင်​ကယ်​boxထဲထည့်​ခဲ့တာ စာအုပ်​​​တွေကို"

"တူတူပဲ ဟီး သွားစို့"

"ဟုတ်​ပြီ"

ခွန်​ချမ်းက ဆိုင်​ကယ်​ဦးထုပ်​​ဆောင်းကာ စက်​နှိုး၍ ​ကျောင်းသို့နှင်​ရ​တော့သည်​။ ​ဆိုင်​ကယ်​​မောင်း​နေရင်းမှ ဘာ​တွေကို​တွေးပြီး ပြုံးရယ်​​နေသည်​မသိသည့်​ သက်​ပိုင်​ရဲ့မျက်​နှာ​လေးကို လှည့်​ကြည့်​ရတာခဏခဏပင်​။ မှိုင်းအုံ့​နေ​သောရာသီ​အောက်​ဝယ်​ သက်​ပိုင်​နှင့်​အတူ မန္တ​လေးမြို့ပြအလှအပ​​တွေကို ခံစား၍ ​ကျောင်းသို့အတူသွား​နေရခြင်းသည်​ကား ဘုရား​ပေးတဲ့ဆုလာဘ်​အလား။ သူတို့​ဘေး၌ ယှဉ်​​ပြေး​နေသည့်​ မန္တ​လေးကျုံးမြို့ရိုးကြီးလည်းလှသည်​။ ​ရှေ့တည့်​တည့်​၌ မြင်​​နေရပါ​သော မန္တ​လေး​တောင်​​တော်​ကြီးလည်း လှ​​ပေ၏။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now