Final

4.8K 274 9
                                    

ခွန်​ချမ်းက အလင်းမရှိ​သော ဖုန်းမျက်​နှာပြင်​သို့သာ စိုက်​ကြည့်​၍ ငိုင်​​နေသည်​။ အ​ဖေ့ဆီသို့ ဖုန်း​ခေါ်လိုက်​ရမည်​လား၊ မ​ခေါ်လိုက်​ရဘူးလားဆိုသည့်​အ​ကြောင်းအား ဖုန်းဖန်​သားပြင်​မှာ​ပေါ်​နေသည့်​ ကိုယ့်​မျက်​နှာကိုယ်​ကြည့်​၍ စဉ်းစား​နေမိတာပင်​။ ​ခေါ်ချင်​​သောစိတ်​သဏ္ဍာန်​ရှိ​သော်​ငြား မာနဆိုတဲ့စိတ်​သဏ္ဍာန်​က တားဆီးထားသည်​။ မာနဆိုတဲ့စိတ်​သဏ္ဍာန်​အား သူ့စိတ်​အတွင်း၌ အမှန်​ပင်​ ပြန်​၍ခွဲခြားပိုင်းဖြတ်​ကာ ယခုအချိန်​၌ သူ့စိတ်​အိမ်​အတွင်း ထားသင့်​လား၊ မထားသင့်​လား ပြန်​လည်​ပိုင်းဖြတ်​ကြည့်​လျှင်​ ချစ်​ခြင်းတရားမှာ မာနမလိုအပ်​​ကြောင်း အ​ဖြေသာရရှိသည်​။ သို့​သော်​လည်း မ​ဖျောက်​ဖျက်​နိုင်​။

"ဟူး အိပ်​တာပဲ​ကောင်းတယ်​"

ဟုတ်​သည်​။ ပင်​ပန်းစရာအ​တွေးများ ဘာမှမ​တွေးတာဘဲ​ကောင်းသည်​။ မည်​သည့်​အ​တွေးမှ မ​တွေးမိ​တော့​အောင်​ အိပ်​စက်​လိုက်​တာပဲ​ကောင်းသည်​။ ကိုင်​ထားသည့်​ဖုန်းကို စားပွဲ​ပေါ်တင်​ကာ ​မွေ့ရာ​ပေါ်လှဲအိပ်​လိုက်​၏။ အိပ်​ပြီးချင်း၌ အချိန်​ကိုက်​မည်​လာ​သော ဖုန်းမြည်​သံ​ကြောင့်​ စားပွဲ​ပေါ်ရှိဖုန်းကို လှဲလျက်​ယူလိုက်​သည်​။ မထင်​မှတ်​စွာ ဖုန်း​ခေါ်သူသည်​ အ​ဖေ့ဆီမှဖြစ်​​နေသည်​။ သက်​ပြင်းကျယ်​ကျယ်​ချရင်း ရင်​၌ဖြစ်​တည်​လာပါ​သော အမုန်းတရားတို့်​ကို သတိဖြင့်​ထိန်း၍ ဖုန်းကိုင်​လိုက်​၏။

"သား ခွန်​ချမ်း အ​ဖေပါ"

ခွန်​ချမ်းဘာမှမ​ပြောမိ။

"အ​ဖေ သားနဲ့စကား​ပြောချင်​တယ်​ကွယ်​၊ အ​ဖေ သက်​ပိုင်​နဲ့​တွေ့တဲ့ကိစ္စက သားထင်​သလို သားတို့နှစ်​​ယောက်​ကိုခွဲဖို့ မဟုတ်​ပါဘူးကွယ်​"

"သက်​ပိုင်​​ပြောပါတယ်​"

ခွန်​ချမ်းရဲ့​​ဖြေသံကြားမှ ဦးသန့်​စင်​ခင်​ဗျာ ရင်​ဝမှာတစ်​​နေပါ​သော စိုးရိမ်​စိတ်​ကို ​ဖြေ​လျော့နိုင်​​တော့သည်​။

"အ​ဖေ သားနဲ့​တွေ့လို့ရမလား၊ အ​ဖေ မနက်​ဖြန်​ပြန်​ရ​တော့မယ်​ မပြန်​ခင်​ သားနဲ့​တွေ့လို့ရမလား"

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now