ခွန်ချမ်းက ခြံရှေ့မှာဆိုင်ကယ်ရပ်ကာ ဆိုင်ကယ်ပေါ်ကဆင်း၍ ခြံတံခါးဖွင့်ပြီးနောက် ဆိုင်ကယ်ကိုခြံထဲထိတွန်းရပ်ခဲ့ကာ ခြံတံခါးကိုသေချာပြန်ပိတ်ပြီး အိမ်ထဲဝင်လာခဲ့သည်။ သူ့အိမ်က တစ်ထပ်တိုက်လေးကိုမှ ထမင်းစားခန်းနှင့် မီးဖိုခန်းတွဲထားသောအခန်း၊ ပန်းချီဆွဲသည့်အခန်း၊ အိပ်ခန်းနှင့် ဧည့်ခန်းသာ ပါလေသည်။ ခွန်ချမ်းက အိမ်ထဲရောက်ရောက်ချင်း ပန်းချီဆွဲသည့်အခန်းထဲသို့ ဝင်ခဲ့သည်။
ပန်းချီဆွဲသည့်အခန်းထဲရောက်ရောက်ချင်း လေးဘက်လေးလံနံရံတိုင်းမှာရှိသည့်ပန်းချီကားချပ်တွေကြောင့် သူ့စိတ်တွေပင်ပန်းရာမှ ပျော်ရွှင်လာရသလို။ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီး နံရံ၌ ချိတ်ဆွဲထားသော သူ့လက်ရာအမေ့ပုံတူပန်းချီကားချပ်ကို အဝေးကနေ ငေးကြည့်နေမိ၏။ အမေ့ပုံတူပန်းချီကားချပ်သည် သူ့စိတ်အပူကို ချုပ်ငြိမ်းစေသည်။
အမေ့ရဲ့ပုံတူပန်းချီကားချပ်ရှေ့သို့သွားလိုက်ပြီးနောက် သူ့ရဲ့ရေဆေးစုပ်ချက်တွေဖြင့် လှလှပပတည်ရှိနေသော အမေ့အပြုံးကိုသာငေးကြည့်နေသည်။ ပန်းချီကားသည်ကား အသက်ဝင်လွန်းလို့ သက်ရှိထင်ရှားပြုံးပြနေသည့်ဟန်။ ပန်းချီးကားထဲရှိ အမေက ယဉ်ဖုံးထဘီအပြာနုကလေးဝတ်ဆင်ထားပြီး ဆံနွယ်တွေက ပိတုန်းရောင်ကဲ့သို့ နက်မှောင်နေကာ နောက်ဆွဲဆံထုံးလေးဖြင့် ဂန္တဝင်ဆန်လှနေ၏။ ပြုံးလိုက်လို့ မှေးကျသွားသည့် လခြမ်းသဏ္ဍာန်မျက်မျက်လုံးကလေးမှေးကျသွားတဲ့ အမေ့ရဲ့အမူအရာကား သူ့အတွက်အားအင်တစ်ခုဖြစ်သည်။ ထိုသို့အားကိုးရသည့်သူ့အမေသည် သူ့အဝေးသို့ထွက်သွားခဲ့သည်။ ရေဆေးပန်းချီဖြင့် အမေ့ရဲ့အပြုံးကိုပုံဖော်ပေမယ့်လည်း သူမျက်မြင်တွေ့ရသည့်အပြုံးပန်းကိုတော့ သူ့စုပ်ချက်တွေကမယှဉ်နိုင်ပါ။ ပန်းချီကားချင်နားသို့တိုးကပ်သွားရင်း စက္ကန့်ပိုင်းလောက်ထိ အမေ့အားတမ်းတလွမ်မောစိတ်အား အပန်းဖြေပြီးနောက် ထမင်းစားခန်းထဲသို့သွားလိုက်သည်။
ESTÁS LEYENDO
ကျွန်တော့်ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)
Romanceခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ ခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ