17

2.5K 291 10
                                    

ခွန်​ချမ်းက အခန်းပြတင်း​ပေါက်​က​နေ မြင်​​နေရသည့်​ ​ကောင်းကင်​ဆီမှ သက်​ဆင်းလာပါ​သော မိုးဖွဲ​လေး​တွေကိုကြည့်ကာ ထိုမိုးဖွဲ​လေး​တွေနှင့်​ ထိ​တွေ့ချင်​စိတ်​ ပြင်းပျလာ၏။ ထိုမိုး​ဖွဲ​လေး​တွေကို သူချစ်​သည်​။ ထိုမိုး​ဖွဲလေး​တွေရဲ့ထိ​တွေ့မှုက သူ့ခံစားချက်​​တွေကို သစ်​လွင်​​စေသည်​။ ထိုမိုး​ဖွဲ​လေး​တွေအား ထိ​တွေ့ရာမှ ခံစားရ​သော ​အေးစက်​မှုသည်​ကား သူ့ရင်​တွင်းရှိအပူမီးများကို ငြိမ်း​အေး​စေသည်​။ ထို့အပြင်​ သူ့မျက်​ရည်​စက်​​တွေအား ထိုမိုး​ဖွဲက​လေးများသည်​ လူအများမမြင်​​အောင်​ ဖုံးကွယ်​​ပေးထားနိုင်​သည်​မလား။ ထိုသို့​သောစွမ်း​ဆောင်​နိုင်​ပါ​သော မိုး​ဖွဲ​လေး​တွေကို သူနှစ်​သက်​သည်​။ ထို့​ကြောင့်​ ဆရာမသင်​နေတဲ့ဂျပန်​စကား​တွေကိုပင်​ သူ့မှာအာရုံမစိုက်​နိုင်​ဘဲ မိုးဖွဲလေး​တွေကို ကြည့်​​နေမိပါသည်​။

မကြာခင်​ သူတို့အတန်းလည်းဆင်း​ပေပြီ။ ဆရာမအား နှုတ်​ဆက်​ပြီးတာနှင့်​ ​ကျောပိုးအိတ်​ထဲ စာအုပ်​​တွေကို​ကောက်​ထည့်​ကာ ထီးဖြူ ကိုယူ၍ အခန်းအပြင်​သို့ သူ့​ခြေလှမ်း​တွေအား ခပ်​သွက်​သွက်​လှမ်းလိုက်​၏။ သို့​သော်​လည်း အခန်း​ရှေ့​ရောက်​​ရောက်​ချင်း သက်​ပိုင်ကို​တွေ့လိုက်​ရတာ​ကြောင့်​ သူ့​ခြေလှမ်း​တွေသည်​လည်း ရပ်​တန့်​သွားရသည်​။

"ချမ်းငြိမ်းရာ ဘယ်​သွားမလို့လဲ ထမင်းအတူစားမယ်​​လေ"

သက်​ပိုင်​က ခွန်​ချမ်း​ရှေ့သို့တိုးကပ်​လိုက်​ပြီး ကိုင်ထားသည့် ​​ထမင်းဘူးကို​မြောက်​ပြ၏။

ခွန်​ချမ်းက သက်​ပိုင်​ကိုကြည့်ကာ....

"​ရေကန်​နားသွားမလို့"

"ဟင်​ မိုးဖွဲ​လေး​တွေကျ​နေတာကို"

သက်​ပိုင်​က မိုးဖွဲဖွဲကျ​နေသည့်​အပြင်​ကိုကြည့်​ရင်း ဆိုလိုက်​သည်​။

"ထီးပါတယ်​​လေ"

ခွန်​ချမ်းက သူ့လက်​ထဲကထီးကို​မြောက်​ပြ၏။ သက်​ပိုင်​က မိုးဖွဲ​လေး​တွေကိုကြည့်​​နေရာမှ ခွန်​ချမ်းလက်​ထဲရှိ အဖြူ ​ရောင်​ထီးတစ်​လက်​ကိုကြည့်ရင်း ပြုံးလိုက်​မိကာ ခွန်​ချမ်း​​ဘေးသို့သွား၍ ခွန်​ချမ်းလက်​ဖဝါးကိုဆုပ်​ကိုင်​လိုက်​၏။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now