အတန်းပြီးသွားပြီဖြစ်သဖြင့် အတန်းထဲရှိ ကျောင်းသားကျောင်းသူတွေက မတ်တပ်ရပ်ကာ ありがとうございます(arigatou gozaimasu)ကျေးဇူးတင်ပါတယ်ဟု
先生 sensei(ဆရာမ)အား နှုတ်ဆက်ရသည်။ senseiက သူတို့ရဲ့နှုတ်ဆက်မှုအား အပြုံးတစ်ပွင့်ဖြင့်လက်ခံကာ အတန်းထဲမှထွက်သွားမှ သက်ပိုင်သူက ဂျပန်မေဂျာစာအုပ်ပေါ် နဖူးအပ်လိုက်မိသည်။ ဆာနေသောဗိုက်ကလည်း တဂွီဂွီမြည်လို့နေသည်။ ဗိုက်ကိုခပ်တင်းတင်းပိုက်ရင်း လုပ်ရမည့်အလုပ်တွေကိုတွေးမိတော့ ခေါင်းတောင်ကိုက်ချင်ချင်။ စာအုပ်ထုတ်ဖို့အတွက် စစ်လက်စ 'ဆန်းကြယ်သော ချစ်ခြင်းတရား'ဆိုတဲ့Boy loveဝတ္ထုတစ်ပုဒ်ရယ်၊ ယနေ့အပိုင်းသစ်တင်ရမည့် 'ရင်နင့်အောင်ချစ်ပါသည်'ဆိုတဲ့ Boy Loveဝတ္ထုရဲ့ အပိုင်းသစ် ပြန်စစ်ရမှာရယ်တွေးပြီး ခေါင်းတောင်ကိုက်လာသလိုထင်မိသည်။ နောက်ထပ်အတန်းချိန်များမှာလည်း ကိုယ့်ဂျပန်မေဂျာတွေချည်းသင်ရမှာဆိုတော့ ပို၍တောင်ဦးနှောက်ခြောက်လာသည်။"သက်ပိုင် ဘာငိုက်နေတာလဲ ဒီနေ့ နှင်းဆီက သူ့ဆီထမင်းလာစားဖို့ ပြောထားတယ်လေ အမြန်လုပ်"
ဘေးမှာထိုင်နေသည့် မြတ်နိုးက သက်ပိုင်ရဲ့ပခုံးကိုပုတ်ပြောရင်း စာသင်ခုံပေါ်မှာရှိနေသည့် စာအုပ်တွေကို အိတ်ထဲထည့်လိုက်သည်။
ထိုအခါမှ သက်ပိုင်လည်း မလောက်တဲ့အချိန်ကို ဖြုန်းမနေတော့ဘဲ စာအုပ်တွေကိုကျောပိုးအိတ်ထဲပြန်ထည့်နေ၏။
"သက်ပိုင် နင် ဒီနေ့ ရင်နင့်အောင်ချစ်ပါသည်ကို အပိုင်းသစ်တင်ရမှာနော် မေ့မနေနဲ့"
"မမေ့ပါဘူးကွာ၊ အိမ်ပြန်ရောက်တာနဲ့ ရေးထားတာကိုပြန်စစ်ပြီး တင်ပေးမှာပါ"
"တစ်ရက်တောင်နောက်ကျလို့မရဘူး မတင်ပေးရင်ငါနဲ့တွေ့မှာပဲလေ"
မြတ်နိုးရဲ့စကားကြောင့် သက်ပိုင်ရယ်လိုက်မိသည်။ မြတ်နိုးက သူ့ရဲ့ငယ်သူငယ်ချင်းဆိုလည်းဟုတ် စာဖတ်သူလည်းဟုတ်သည်။ ငယ်ငယ်ကတည်းက လှပသည့်မြတ်နိုးက တက္ကသိုလ်သို့ရောက်သည့်တိုင် ခါးထိရှည်တဲ့ဆံနွယ်တွေဖြင့် ယဉ်ယဉ်လေးလှပနေဆဲဖြစ်သည်။ သက်ပိုင်က Onlineပေါ်မှာ Boy Loveဝတ္ထုတွေနှင့် အချစ်ကဗျာတွေကိုရေးတဲ့ စာရေးဆရာတစ်ယောက်ဖြစ်သည်။ အရေးအများဆုံးကတော့ Boy Love ဝတ္ထု ဖြစ်ပြီး သက်ပိုင်သူနာမည်ဖြင့်ပဲ နာမည်ရှိတဲ့စာရေးဆရာတစ်ယောက်ဖြစ်သည်။ သူရဲ့လိင်တူခြင်းချစ်ကြိုက်တဲ့ဖြစ်တည်မှုကို အမေ့ကိုလည်းပြောပြထားသလို အမေကလည်းလက်ခံပေးပြီးသားဖြစ်ပြီး သူ့ရဲ့စာရေးခြင်း၌လည်း အမေက ပံ့ပိုးပေးလေသည်။ သူသည်လိင်တူချင်းသာကြိုက်တတ်သူဆိုသည့်အချက်အား 'သက်ပိုင်သူ'ဆိုတဲ့နာမည်ကိုသိသူတိုင်း သိကျလေ၏။
ESTÁS LEYENDO
ကျွန်တော့်ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)
Romanceခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ ခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ