23

2.2K 216 1
                                    

ခွန်​ချမ်းနှင့်​သက်​ပိုင်​က ထမင်းလက်​စုံစားဖို့ရာအတွက် ဝယ်​လာသည့်​ပစ္စည်းအထုပ်​ကြီးအထုပ်​ငယ်​တို့ကို နှစ်​​ယောက်​သားမျှသယ်​ရင်း အိမ်​ထဲသို့ဝင်​ခဲ့ကြသည်​။ ခွန်​ချမ်းရဲ့အိမ်​ထဲသို့​ရောက်​​ရောက်​ချင်း သက်​ပိုင်​ ပထမဆုံးလုပ်​မိသည်​ကာ ပန်းချီးခန်းတံခါးကိုကြည့်​ခြင်းပင်​။ ထိုပန်းချီဆွဲခန်းထဲသို့ ဒုတိယအကြိမ်​​မြောက်​ ထပ်​ဝင်​ချင်​သည်​။ ခွန်​ချမ်းရဲ့ပန်းချီကာချပ်​​တွေအား ရင်​နှင့်​အမျှ ခံစားကြည့်​ချင်​​သေးသည်​။ သို့​သော်​လည်း ဆန္ဒကို ရင်​ဝယ်​ခဏသိမ်းထားကာ ခွန်​ချမ်း​နောက်​မှလိုက်​၍ မီးဖိုခန်းသို့သွားလိုက်​သည်​။ ပန်းချီဆွဲခန်းဆီသို့ ခဏခဏ​ရောက်​​နေသည့်​ သူ့အကြည့်​ကို​တော့ မတားဆီးနိုင်​ပါ။

မီးဖိုခန်းထဲ​ရောက်​၍ ဝယ်​လာသည့်​ပစ္စည်း​တွေ စားပွဲ​ပေါ်တင်​လိုက်​သည်​။ ယ​နေ့ ချက်​မစားဖြစ်​။ ထမင်းဆိုင်​က​နေပဲ ထမင်းဟင်းဝယ်​လာပင်​။ သက်​ပိုင်​က နှုတ်​ခမ်းတစ်​ချက်​ကိုက်​ကာ ဝယ်​လာသည့်​ဟင်း​တွေကိုထုတ်​၍ ပန်းချီဆွဲခန်းထဲ ခဏ​လောက်​ဝင်​ခွင့်​ပြုဖို့ ခွန်​ချမ်းကို​ ​တောင်းဆိုရမလားလို့ စဉ်းစားမိသည်​။ ထိုသို့​တောင်းဆိုလိုက်​လျှင်​ စည်း​ကျော်​သလိုဖြစ်​သွား​လေမလား။ ချစ်​သူဖြစ်​တဲ့အချက်နှင့်​အရာရာ​တောင်းဆို​နေလို့်မဖြစ်​ပါ​ချေ ။

"ပန်းချီဆွဲခန်းထဲသွားချင်​လားသွား​လေ"

ခွန်​ချမ်းက သက်​ပိုင်​ဘက်​သို့လှည့်​၍ ​ပြောလိုက်​သည်​။

"ဟင်​"

သက်​ပိုင်​က ခွန်​ချမ်းအား ​ကြောင်​ကြည့်​​နေသည်​။ ခုနက​တော့ သွားခွင့်​​ပေးဖို့အတွက်​ ​တောင်းဆိုကြည့်​မလားလို့ ​တွေးမိ​ပေမယ့်​ မ​တောင်းဆိုရ​သေးခင်​ ခွန်​ချမ်းဘက်​မှ လမ်းဖွင့်​​ပေး​လေ​တော့ သူ့ခံစားချက်​​တွေ သူ့မျက်​နှာ၌ ထင်း​နေလို့များလား။ ​တော်​​တော်​ကို ​ပေါ်လွင်​​နေလို့များလား။

"ဘာလို့ ကိုယ့်​ကို​ကြောင်​ကြည့်​​နေတာလဲ သွားချင်​ရင်​သွား​လေ"

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now