အပိုင်း (၄)

9.9K 264 3
                                        

"ပြဿနာတက်‌နေပြီ အဖွဲ့ခေါင်းဆောင်"

"ဘာဖြစ်တာလဲ!?"

မနက်တိုင်း ဘယ်သူလာထားပေးသွားမှန်း မသိတဲ့ ဒီနေ့မနက်စာအဖြစ် နန်းကြီးသုပ်ကိုစားနေရင်း ဝန်ထမ်းတယောက်လာပြောတဲ့စကား။

"Loyal Groupရဲ့ကွန်ဒိုအ‌ရောင်းပြပွဲရက်က ကျနော်တို့ဘက်က ပြပွဲနေ့ရက်ထက် ပိုစောနေတယ်"

"ဘယ်လို?"

Loyal Groupဆိုတာကတော့ Royal Groupနဲ့ အမြဲအပြိုင်လိုလိုဖြစ်နေတဲ့ကုမ္ပဏီတခုပင်။ Loyal Groupက Royalလောက်တော့စီးပွား‌ရေးခြေလှမ်း သိပ်မလှမ်းနိုင်သေးပေမဲ့ သူကလည်းပြည်တွင်းမှာတော့ ဒိတ်ဒိတ်ကြဲစာရင်းဝင်တယောက်ပင်။ ခုလည်း သူတို့ဘက်က ပြပွဲကျင်းပရက်ကို မြန်မြန်ကျင်းပလိုက်တာကြောင့် Royal Groupကို အခက်တွေ့အောင် အရှိုက်ထိုးလိုက်ခြင်းပင်။

"သူတို့ကဘယ်နေ့လုပ်မှာလဲ"

"ဒီလ၃၁ရက်နေ့ပါ"

"ငါတို့က နောက်လ၃ရက်နေ့မှမလား"

"ဟုတ်ပါတယ်"

"ကွန်ဒိုက ဒီဇိုင်းပိုင်း ပြင်ဆင်တာပြီးဖို့ ဘယ်လောက်လိုသေးလဲ"

"အမြန်လုပ်မယ်ဆိုရင်တောင် ၃ပတ်လောက်တော့ ကြာမှာပါ"

မဟူရာဆံပင်ရှည်တွေကို လက်ချောင်းတွေနဲ့ ထိုးသပ်လှန်လိုက်ရင်း

"ကျစ်! နေဦး ဒီကိစ္စကို ဒါရိုက်တာချုပ်ကို သွားပြောလိုက်မယ် CEOရဲ့သဘောထားကိုလည်း မေးခိုင်းရင်းနဲ့ ဒီကြားထဲတော့ လိုအပ်တာတွေမှန်သမျှ အကုန်လုပ်ပြီး စိစစ်ထားလိုက် ကျန်တာ ဒါရိုက်တာချုပ်နဲ့တိုင်ပင်ပြီးရင် ဆက်လုပ်မယ်"

"ဟုတ်ကဲ့ပါ အဖွဲ့ခေါင်းဆောင်"

"ဒေါက်....ဒေါက် ဒါရိုက်တာချုပ် မဟူရာပါ"

"ဝင်ခဲ့ပါ"

"Loyal Groupဘက်က ပြပွဲကိစ္စ ကြားပြီးပြီလား ဒါရိုက်တာချုပ်"

"အင်း ကြားပြီးသွားပြီ ဥက္ကဌကိုလည်း ပြောပြီးသွားပြီ သူတို့ထက် ‌ရက်ရှေ့စောပြီး ဖွင့်ဖို့ပြောလိုက်တယ်"

"ဒါပေမဲ့ အထဲကဒီဇိုင်းတွေက ခုထိအပြီးသတ်ဖို့ကျန်သေးတယ်"

"ခုထက်ပိုပြီး မြန်မြန်လုပ်လိုက်ရင် ပြီးနိုင်ပါတယ် အဲ့ဒါကြောင့် အဲ့ဒီနေရာတွေကို မဟူရာကိုယ်တိုင်သွားကြည့်ပြီး လိုတာတွေအကုန်လုပ်ခဲ့ပါ ဘာထပ်ဖြည့်ရမလဲဆိုတာတွေရောပေါ့"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now