"တူ...တူ....တူ...."
ရာရာ မနက်အိပ်ရာနိုးရင် စားဖို့ဆိုပြီး မီးဖိုခန်းထဲဝင်ကာ အေပရွန်ဝတ်ပြီး ဟင်းချက်နေစဉ် ဝင်လာတဲ့ဖုန်းသံ......
"ခိုင်းထားတဲ့ကိစ္စ စုံစမ်းပြီးပြီလား"
"ဟုတ်ကဲ့ ဥက္ကဌ လေယာဉ်ကိစ္စကိုသတင်းမှားလွှင့်လိုက်တဲ့သူက အင်ဂျင်နီယာဌာနက ဘုန်းထက်ပါ A-13နဲ့ A-30ကိုနားကြားမှားပြီး ဌာနအစုံကိုသတင်းလွှင့်လိုက်တာပါ ကျွန်တော်သူ့ကို ဘာလုပ်လိုက်ရမလဲ ဥက္ကဌ"
"မင်းမေးတဲ့ပုံကလည်း မသိရင် ငါကပဲလူဆိုးဂိုဏ်းကလိုလိုနဲ့"
"လူဆိုးထက်တောင် ဆိုးတာမဟုတ်ဘူးလား......မျက်နှာကြီးက အမြဲတည်တင်းနေပြီး စိတ်မထင်ရင်မထင်သလိုအော်တတ်တဲ့ ချိန်ကိုက်ဗုံးဖြစ်နေတာပဲကို....."
ဒီအချိန် အကိုကောင်းမြတ်သာရှိရင် သေချာပေါက်ပြောမဲ့စကား.....ဒါတော့ရဲနောင်လည်း ထောက်ခံသည်....ဥက္ကဌဘေးမှာ အလုပ်လုပ်လာတဲ့သူတောင်မှ အမြဲတမ်း ဥက္ကဌကိုကြောက်နေရတာလေ အခြားသူတွေဆိုပိုဆိုးပေါ့.....
"စကားမှားပြောမိလို့ တောင်းပန်ပါတယ် ဥက္ကဌ ဒါဆို ကျွန်တော်ခါတိုင်း စည်းကမ်းအတိုင်းပဲ လုပ်လိုက်ပါ့မယ် ဥက္ကဌ"
"မလုပ်နဲ့"
"ဗျာ ဥက္ကဌ အဲ့ဒါဘာကို...."
"ခါတိုင်းစည်းကမ်းအတိုင်း မလုပ်နဲ့ သူ့ကိုဒီတိုင်းထားလိုက်"
"ဗျာ....ဟုတ်...ဟုတ်ကဲ့ ဥက္ကဌ"
"အော် ပြီးတော့ နောက်အဲ့လိုအမှားမလုပ်မိဖို့ပြောပြီး bonus(ဘောနပ်စ်)ပေးလိုက်"
"ဗျာ....."
ပြောပြီး ချက်ချင်းဖုန်းချသွားတဲ့ ဥက္ကဌကို ရဲနောင် အသံမြှင့်ပြီးပြောလိုက်ရခြင်းက ကုမ္ပဏီမှာအတင်းပြောတာတို့ ဒီလိုမဟုတ်ကဟုတ်ကအကြောင်းတွေပြောတဲ့သူဆို လုပ်တဲ့ကိစ္စကြီးသည်သေးသည်အပေါ် မူတည်ပြီး လစာဖြတ်တတ်သည်လေ။ ခုကအပြစ်မပေးရုံမက လစာပါမဖြတ်တဲ့အပြင် ဘောနပ်စ်ပါပေးမယ် ဆိုတော့ ရဲနောင်အံ့ဩမိတာမှားသလား.......
တဖက်က တံတိုင်းကတော့ လိုချင်တာရလို့ ပျော်သွားတဲ့မျက်နှာနဲ့ ပြုံးလိုက်ပြီး

ŞİMDİ OKUDUĞUN
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romantizmအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...