အပိုင်း (၂၄)

7.4K 191 5
                                    

"အဆင်သင့်ဖြစ်ပြီလား မဟူရာ"

"နေဦး...ခဏ.....အကုန်စုံပြီလား...ပြန်စစ်ကြည့်လိုက်ဦးမယ်...."

"ကိုယ်စစ်ထားပါတယ်...ရာရာကလည်း....မယုံဘူးလား ကိုယ့်ကို...."

"ဒီလိုပြန်စစ်ရတာ ဘယ်သူ့ကြောင့်မို့လို့လဲ...မဟုတ်ရင် မနေ့တည်းက ထည့်ပြီးစစ်ပြီးနေပြီလေ...."

လက်ဂေ့ခ်ျထဲက ပစ္စည်းတွေကိုစစ်နေရင်း မျက်စောင်းချီပြီး ပြောလာတဲ့ သူမလေးကို တံတိုင်း ခပ်ဟဟလေး ရယ်လိုက္မိတာက နှုတ်ခမ်းကိုစူထွက်နေတဲ့သူမလေးက ချစ်ဖို့ကောင်းနေတာကြောင့်ပင်။
~~~~~
             မနေ့ညက<<<
"လာပါ အိပ်ရအောင်....ဒါတွေစစ်မနေနဲ့...နက်ဖြန်မှ ကိုယ်လုပ်ပေးမယ်...."

"အစောကြီးရှိသေးတယ် မအိပ်သေးပါဘူး...ခုမှ ၁၀နာရီလောက်ပဲရှိသေးတာကို..."

ဗီရိုထဲမှ အဝတ်စားတွေထုတ်နေရင်း လက်ဂေ့ခ်ျထဲ ထည့်ပြီး အလုပ်ရှုပ်နေတဲ့သူမလေးကို တံတိုင်းကုတင်ပေါ်မှာထိုင်နေရင်း လိုက်ကြည့်ပြီး ပြောလိုက်ခြင်းပင်။

"ဒါနဲ့ ဘာလို့အစောကြီးပဲ အိပ်နေရတာလဲ...တိုင်း မအိပ်ဖူးဘူးလား..."

"ကိုယ် ဘာလို့ အစောကြီး အိပ်ချင်ရလဲ ပြောပြမယ်...လာ...ဒီနားကိုတိုး..."

ထပ်ပြီး ဘာအထူးဆန်းလုပ်ဦးမှာလဲဆိုတဲ့ သံသယမျက်လုံးနဲ့ ကြည့်ပြီး အနားတိုးသွားတော့...

"အ့...."

တိုးလာတဲ့ သူမလက်ကောက်ဝတ်လေးကို  ကိုင်ကာ လှဲချရင်း ဆွဲလိုက်တော့ အလန့်တကြားလေးနဲ့ ပါ‌လာတဲ့သူမခန္ဓာကိုယ်လေးကို ထိန်းဖက်ပေးထားလိုက်သည်....

"ကိုယ်နဲ့ အချိန်များများ ဖြုန်းလို့ရတယ်လေ...မအိပ်ခင်လေး‌..."

နား နားကို ကပ်ကာ ပြောလိုက်တဲ့သူ့ကြောင့် လန့်ပြီး ကျောမတ်လိုက်မိတော့ မျက်ခုံးပင့်ပြလိုက်တဲ့သူ...သူ့ပေါ်မှာ ခွထိုင်ထားပြီး သူ့ရင်ဘတ်ပေါ်ကို လက်တင်ထားတဲ့ ကိုယ့်အဖြစ်....ရှက်စရာကြီး...မဟူရာက ရုန်းထွက္မယ်လုပ်တော့

"ဒီလိုလေးအိပ်ကြမယ်လေ...."

"မအိပ်ပါဘူး...ဒီလိုကြီးက တ...တမျိုးကြီးပဲ..."

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Место, где живут истории. Откройте их для себя