မနက်ခင်းရဲ့ ဌက်တွန်ကျူးသံကြောင့် မဟူရာနိုးလာပေမဲ့ အိပ်ရာပေါ်မှာ ထမယ်ဆိုပြီး လူးလိမ့်နေခဲ့တာ လွန်ခဲ့တဲ့နာရီဝက်လောက်တည်းက....one night standနေရင်တောင် ဘယ်သူနဲ့မှ အတူမအိပ်တဲ့မဟူရာက အကျင့်မဟုတ်ပါဘဲ အိပ်ရာပေါ်ကို မျက်လုံးမဖွင့်ဘဲ လက်တစမ်းစမ်းနဲ့ စမ်းလိုက်ပေမဲ့ မျှော်လင့်ထားသလို ဘေးနားမှာ သူမရှိတော့တာကြောင့် အိပ်ရာပေါ်မှ ငေါက်ခနဲထမိတာက ခေါင်းကမိုက်ခနဲပင် ဖြစ်သွားရသည်.....
"တိုင်း...ဟင်!"
မျက်လုံးပွတ်ကာ အိပ်မှုန်စုံဖွားနဲ့ ထလာရင်း သူ့နာမည်ခေါ်လိုက်ပေမဲ့ ပြန်မထူးလာချေ။ အခန်းထဲမှ ထွက်လာလာချင်း တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် မဟူရာမျက်လုံးပင်ကျယ်သွားရသည်
စားပွဲပေါ်မှာ လပ်တော့ပ်တင်ထားပြီး ဘေးနားမှာရော စားပွဲပေါ်မှာပါ စာရွက်တွေနဲ့ ပြန့်ကျဲနေပြီး ထိုစားပွဲမှာတင် ညာဘက်လက်ပေါ် ခေါင်းတင်ထားပြီး အိပ်ပျော်နေတဲ့သူ....
"တိုင်း....အိပ်ချင်ရင် အခန်းထဲသွားအိပ်လေ ဒီမှာအိပ်ရင် ခန္ဓာကိုယ်တောင့်ပြီး နာနေလိမ့်မယ်...."
"နိုးလာပြီလား မဟူရာ"
စားပွဲပေါ်မှာ အိပ်နေတဲ့သူ့ကို သာသာလေးလှုပ်နိုးတော့ နိုးလာတာနဲ့ပြောလိုက်တဲ့စကား....ဘုရားရေ!!...နိုးလာတဲ့ပုံစံကအစချောနေတဲ့သူကို မဟူရာခုမှတွေ့ဖူးတာပင်....မျက်လုံးလေးမပွင့်တပွင့်နဲ့ ခေါင်းထောင်လာတာကြောင့် ဆံပင်တွေကအနည်းငယ်ရှုပ်ပွနေပေမဲ့ သူ့ရဲ့ချောမောမှုကို မဖုံးကွယ်ထားနိုင်ချေ။
"အခန်းထဲမှာ သွားအိပ်လေ မဟူရာဒါတွေရှင်းထားလိုက္မယ်...."
"ကိုယ်က ရာရာနဲ့အတူတူအိပ်ချင်တာ"
မဟူရာ မမှီတဲ့စာရွက်တွေကို လှမ်းယူနေရင်း ခါးကိုလှမ်းဖက်လိုက်ပြီး မဟူရာ့ရင်ခွင်ထဲ ခလေးတယောက်လို ခိုဝင်ကာ ခန္ဓာကိုယ်ကို တင်းကြပ်စွာဖက်ထားရင်း ပြောလိုက်တဲ့သူ......
"မဟူရာက အခုမှနိုးလာတာလေ ဘယ်လိုလုပ်ပြန်အိပ်နိုင်တော့မလဲ...အ့..."
ပြောရင်း သူ့လက်တွေကို ဖယ်ချဖို့လုပ်တော့ မဟူရာ့ကိုယ်ကို ကြမ်းပြင်ပေါ်ဖိတွန်းချလိုက်တဲ့သူ.....မဟူရာ့ခေါင်းထိမှာစိုးလို့ ဒီလောက်အိပ်ငိုက်နေတဲ့ကြားထဲကနေ သူ့လက်နဲ့ခံပေးထားလေရဲ့....။
BINABASA MO ANG
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...