တိတ်ဆိတ်တဲ့သီးသန့်အခန်းေလးထဲကအေးမြနေတဲ့အဲကွန်းအောက်မှာ မဟူရာဟာ ချွေးစီးများထွက်လာခြင်းနဲ့အတူ လက်နှစ်ဖက်ကိုလုံးချေနေသည်မှာ ခုနတည်းကဖြစ်သည်။ ဘာစကားမှမပြောဘဲ အသံတိတ်နေတဲ့တိုင်းရဲ့မိဘနှစ်ပါးကြောင့် မဟူရာ့ရင်ခုန်နှုန်းတွေဟာ အတိုင်းအဆမရှိခုန်လာရလေသည်။
"ဂွပ်!"
အန်တီဝတ်ရည်ရေသောက်ပြီးလို့ ချလိုက်တဲ့ဖန်ခွက်ကိုစားပွဲပေါ်တင်လိုက်တာကြောင့် တိတ်ဆိတ်နေတဲ့အခန်းထဲက ထွက်ပေါ်လာတဲ့ဖန်ခွက်သံက မဟူရာ့ခန္ဓာကိုယ်လေးတောင် တုန်သွားစေသည်။
"အန်တီတို့အကြာကြီး စဉ်းစားခဲ့ပြီးပြီ အန်တီတို့သေချာစဉ်းစားပြီးမှ ဒီအဖြေကိုထွက်ခဲ့တာမို့လို့ မဟူရာကပဲအန်တီတို့ကိုနားလည်ပေးပါ"
အသံတိတ်ဆိတ်နေရာမှ ပထမဆုံးပြောလာတဲ့အန်တီရဲ့စကားကြောင့် ရေဆာလို့ရေသောက်ဖို့လုပ်နေတဲ့ ရေခွက်ကိုင်ေနစဥ်တောင့်တောင့်ကြီးေနနေမိတာက အန်တီကမဟူရာ့ကိုပြောလာမဲ့စကားကို သိနေလို့ပဲဖြစ်လိမ့်မည်။
ဘယ်လိုပဲအရှေ့မှာ သဘောတူခဲ့ပါေစဦး သူတို့ကိုမယဉ်မကျေးပြုမူခဲ့တဲ့မဟူရာ့ကိုတော့ ခုချိန်မှာ ချွေးမအဖြစ်လက်မခံတော့မှာသေချာသလောက်ပင်ဖြစ်သည်။ ကြည့်ရတာ ခုလည်းတိုင်းနဲ့ လမ်းခွဲပေးဖို့ကိစ္စ လာပြောတာပဲဖြစ်ရမည်။ ဒါပေမဲ့ မဟူရာကလည်း တိုင်းကိုသိပ်ချစ်ရတဲ့သူမို့လို့ တိုင်းကိုလက်လွှတ်ဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်မည်မဟုတ်။ ဘယ်လိုနည်းမျိုးနဲ့ဖြစ်စေ တိုင်းရဲ့မိဘတွေကဘယ်လိုပဲပြောလာပါစေ မဟူရာကတိုင်းကို လက်မလွှတ်နိုင်ဘူးဆိုတာက သေချာတဲ့ဆုံးဖြတ်ချက်တခုပင်ဖြစ်သည်။
အန်တီဝတ်ရည်ဟာ တိုင်းရဲ့အဖေကိုလှည့်ကြည့်လိုက်ပြီး ဦးလေးကခေါင်းညိတ်ပြလိုက်တော့ သက်ပြင်းရှည်လေးတချက်ချပြီး အိတ်ထဲကနေတခုခုကို ထုတ်ယူလိုက်သည်။ လိေမ္မာ်ရောင်မနုမရင့်အရောင်လေးနဲ့သစ်လွင်လှတဲ့စက္ကူအိတ်အရှည်က မဟူရာ့ရဲ့အာခေါင်တွေကို ခြောက်သွေ့သွားစေသည်။ ဒီလောက်ဆိုရင်တော့ အဖြေကအရမ်းကိုသိသာနေပြီဖြစ်သည်။ ထိုစာအိတ်ကို အကြည့်မလွှဲဘဲစိုက်ကြည့်နေတုန်း မဟူရာ့ရှေ့ဆီကိုပိုနီးသွားအောင် တိုးပေးလာတဲ့အန်တီက တဆက်တည်းမှာပင်

BINABASA MO ANG
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...