အပိုင်း (၁၂)

7.3K 204 3
                                    

"မဟုတ်ဘူး....မလာနဲ့....ထွက်သွား....ထွက်သွား....မလာနဲ့...."

ညနက်ပိုင်းမှာ သူမအသံကြောင့် တံတိုင်းနိုးလာခဲ့သည်။ သူမဘာများဖြစ်လို့ပါလိမ့်.......?စိုးရိမ်စိတ်နှင့် သူမအခန်းထဲဝင်သွားတော့......ကုတင်ပေါ်မှာ လူးလိမ့်နေတဲ့သူမ.....လက်တွေကိုကာနေတဲ့ပုံစံလုပ်နေပြီး မျက်နှာမှာလည်း မျက်ရည်တွေစိုရွှဲနေလျက်....တံတိုင်း သူမအနားသွားကာ

"မဟူရာ မဟူရာ သတိထားဦးလေ"

သူမပါးလေးကို ခပ်ဆတ်ဆတ်လေးပုတ်ပေးတော့ မျက်လုံးလေးပွင့်လာကာ အိပ်ရာမှထပြီး သူ့ရဲ့လည်ပင်းကိုဖက်လိုက်တာကြောင့် တံတိုင်းကိုယ်လုံးတောင့်သွားသည်။

"အီး...ဟီး...ဟီး...ဟီး"

ကလေးတယောက်လို ရှိုက်ကြီးတငင်ငိုနေတာကြောင့် သူမကျောပြင်လေးကို တံတိုင်းကိုယ်တိုင်‌တောင် မသိလိုက်ဘဲ ဖွဖွလေး ပွတ်ပေးနေမိသည်။ သူမနဲ့တွေ့ရင်ကို အလိုလို ထိန်းချုပ်မဲ့သွားတာမျိုး။

"ဘာဖြစ်လို့လဲ မဟူရာ ကိုယ့်ကိုပြောပြမလား...ကိုယ် နားထောင်ပေးမယ်လေ"

သူပြောလိုက်တော့ သူ့ရင်ခွင်ထဲကနေ ခေါင်းလေးခါပြနေတဲ့သူမ......သူမအကြောင်းကိုအရမ်းလျှို့ဝှက်ရလောက်အောင် သူမဘယ်လိုဘဝမျိုးကြုံတွေ့ခဲ့ရလို့ပါလိမ့်......တံတိုင်းစုံစမ်းရင်ရပေမဲ့ သူမကိုယ်တိုင်တောင် မပြောချင်လို့ဖုံးထားတာမို့ သူ့ဘက်ကလည်းအတင်း အစတူးဖော်ပြီးမရှာချင်။ သူမတနေ့‌ သူ့ကိုအလုံးစုံ ရင်ဖွင့်ပြောနိုင်တဲ့အချိန်ထိ စောင့်နေမယ်လို့ဆုံးဖြတ်ချက်ချလိုက်သည်။

အချိန်တခုလောက်ကြာသွားတော့ အငိုတိတ်သွားကာ ရှိုက် ရှိုက်နေတဲ့သူမလေး....တခါတခါရှိုက်လိုက်ရင် ခန္ဓာကိုယ်လေးပါတုန်သွားလေရဲ့.....သူမစငိုတည်းက ကျောပြင်လေးကို ခလေးချော့သိပ်သလိုမျိုးလေး လုပ်ပေးတော့ ငြိမ်ခံနေတာခုထိ.....သူမကိုယ်လေး သူ့ရင်ခွင်ထဲကခွာလာတော့မှ

"အဆင်ပြေလား မဟူရာ ရေသောက်ဥိီးမလား"

ခေါင်းလေးညိတ်ပြတော့ သူမနားကထထွက်သွားဖို့လုပ်တော့ တံတိုင်းအင်္ကျီစကို လှမ်းကိုင်လိုက်တဲ့သူမလေး....

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Donde viven las historias. Descúbrelo ahora