Unicode##
"ရဲနောင် ခုချက်ချင်း family doctorကိုခေါ်ပြီး (....)ရပ်ကွက်ကို ၅မိနစ်အတွင်းအမြန်လာခဲ့"
"ဗျာ...ဟုတ်ကဲ့ ဥက္ကဌ
သူမဖုန်းထဲမှာ ပြောတဲ့အတိုင်းလိုက်ရှာတော့ သန့်စင်ခန်းတခန်းမှာ မျက်စိမှိတ်နားပိတ်လုပ်နေတဲ့သူမကို ကြည့်ပြီး စိုးရိမ်စိတ်တို့နဲ့ အနားသွားပြီး သူမကိုပွေ့လိုက်တော့ တံတိုင်းရင်ခွင်ထဲမှာ မေ့လဲသွားတဲ့သူမ......
ချက်ချင်း အတွင်းရေးမှူးဖြစ်တဲ့ရဲနောင်ကို ဖုန်းဆက်ခေါ်ပြီး သူမကိုပွေ့ချီကာ ကားထဲသို့ဝင်ပြီး သူမလေးအိမ်သို့ မောင်းသွားတော့သည်.....သူ့အိမ်ဆီခေါ်ချင်ပေမဲ့ နိုးလာရင် လန့်သွားမှာစိုးတာရော သူ့အကြောင်းမသိသေးတာကြောင့်ရော သူမလေးအိမ်သို့သွားခြင်းပင်။
"အခြေနေဘယ်လိုရှိလဲ?"
"အဖျားအရမ်းကြီးနေလို့ အဖျားကျဆေးထိုးပေးထားပါတယ်ခဗျ ဒါပေမဲ့ ညရောက်ရင်အဖျားပြန်တက်နိုင်တာမို့ စောင့်ကြည့်ရင်ပိုကောင်းပါလိမ့်မယ် ဥက္ကဌ ပြီးတော့ဒါကတိုက်ရမဲ့ဆေးပါ အစားဝင်အောင်ကျွေးပြီး ဒီဆေးလေးတိုက်ပေးပါ ဥက္ကဌ"
Family doctorပေးတဲ့ဆေးကို တံတိုင်းလှမ်းယူလိုက်ပြီး
"အင်း ကျန်တာငါဆက်လုပ်လိုက်မယ် ရဲနောင် ဒေါက်တာကိုအိမ်ပြန်ပို့ပေးလိုက်"
"ဟုတ်ကဲ့ ဥက္ကဌ"
"သွားတော့လေ ဘာရပ်လုပ်နေတာလဲ"
ပြန်ပို့ဖို့ပြောတာကို မသွားသေးဘဲ စပ်စုနေတဲ့ရဲနောင်ကို ပြောလိုက်ခြင်းပင်။ မဟူရာ့အကြောင်းကို ကောင်းမြတ်ကလွဲရင် အခြားဘယ်သူမှမသိ။ ဒါကြောင့်ရဲနောင်က အထူးဆန်းလုပ်နေတာဖြစ်မည်။
"ငါတို့ဥက္ကဌက ကောင်မလေးတောင် ရှိနေပြီလား ဥက္ကဌကြီးကိုပြောရမယ် ဥက္ကဌကြီးတို့ဇနီးမောင်နှံသာ ဒီသတင်းကြားရင် တော်တော်ဝမ်းသာသွားမှာ ဟီး...ဟီး...."
~~~~
"မဟူရာ....မဟူရာ....""အင်း.....ဟင်း......"
သူမခန္ဓာကိုယ်လေးကို သာသာလေးလှုပ်နိုးတော့ သူမဆီမှထွက်လာတဲ့အသံ.....

ESTÁS LEYENDO
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...