"နိုးပြီလား"
"အင်း နိုးပြီ"
"ကိုယ်ဖုန်းခေါ်လိုက်လို့ နိုးသွားတာလား"
"မဟုတ်ပါဘူး သရဖီရောက်လာလို့ တံခါးဖွင့်ပေးရင်း နိုးသွားတာ"
"မနက်စာရော စားပြီးပြီလား"
"မစားရသေးဘူး စားမလို့လုပ်တုန်း တံတိုင်းဖုန်းခေါ်လို့ ဖုန်းကိုင်လိုက်တာ သရဖီလည်းပြင်ပေးနေတုန်း"
"အဟွန်း..."
သူ့ကိုတံတိုင်းလို့ ခေါ်လာပုံထောက်ရင် သူမလေး သူ့ကိုတော်တော်လေး အမြင်ကြည်လာပြီပဲ......
"ဘာရယ်တာလဲ"
"ဘာမှမဟုတ်ပါဘူး အော် ဒါနဲ့ကိုယ် မင်းအတွက်အပြန်လက်ဆောင် ဘာဝယ်ခဲ့ပေးရမလဲ"
"ယူသွားတဲ့ပိုက်ဆံရော လောက်ပါ့မလား ကိုယ့်ဘာကိုယ်ပဲအဝစားခဲ့လိုက်လေ"
လောက်လွန်းလို့ ပိုတောင်ပိုနေတဲ့ပိုက်ဆံတွေ ဘဏ်ထဲမှာအပြည့်ဖြစ်ပြီး လျှံတောင်ထွက်နေပြီ.....မင်းလိုချင်ရင် ကိုယ့်private jetထဲအပြည့်ဖြည့်ပြီး ဝယ်လာပေးလို့ရတယ်........
တံတိုင်းစိတ်ထဲကနေ ပြောလိုက်ခြင်းပင်။ သူမလေးမကြားနိုင်ပေမဲ့လည်းပေါ့.......
"လောက်ပါတယ် ဒီကုမ္ပဏီကလစာအလုံလောက်ပေးထားတာ သိသားနဲ့"
"အင်းနော် ဒါလည်းဟုတ်တာပဲ"
"အင်း ပြော ကိုယ်ဘာဝယ်ခဲ့ရမလဲ"
"အင်းးးး......"
လက်ညှိုးလေးကို ပါးမှာထောက်ထားပြီး စဉ်းစားနေတဲ့သူမလေး.....ဒီရက်ပိုင်းအတွင်းမှာ သူမလေးတံတိုင်းရှေ့မှာ ခလေးဆန်ဆန်အရာလေးတွေ လုပ်တတ်နေပြီဆိုတာ သူမရောသိရဲ့လား.....
"မုန့်ပဲဝယ်လာခဲ့ပါတော့ ဘယ်လိုပဲစဉ်းစားစဉ်းစား မုန့်ထက်ကောင်းတာမတွေ့ဘူးဖြစ်နေတယ်"
"ကောင်းပါပြီခဗျ ကျွန်တော်မုန့်ပဲဝယ်လာလိုက်ပါ့မယ်"
"ဟား....ဟား....ဟား....ရှင်ကတော်တော်ရယ်စရာလုပ်တတ်တာပဲ"
အရိုသေပြုတဲ့ပုံစံနဲ့ပြောလိုက်တဲ့ တံတိုင်းကြောင့် မဟူရာအသံထွက်တောင် ရယ်မိသွားသည်
YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...