"အ့...."
အိပ်ယာနိုးလို့ ကုတင်ပေါ်ကနေ ထမယ်ဆိုတော့ ခါးကနေ စူးခနဲခံစားလိုက်ရတဲ့ နာကျင်မှု...စောင်ကိုဖယ်ပြီး ထဖို့လုပ်လိုက်ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အဖြစ်....စောင်ဖယ်ထားလို့ ပေါ်လာတဲ့ မဟူရာ့ခန္ဓာကိုယ်တခုလုံးမှာ markingရာတွေနဲ့ သွားကိုက်ရာတွေ အပြည့်....ပေါင်နှစ်ဖက်လုံးမှာလည်း သွားကိုက်ရာနဲ့ markingပေးထားလို့ နီရဲရဲအရာတွေက ရောယှက်ပြည့်နှက်နေသည်။.....သူ့ကြောင့်နဲ့ ဘယ်အချိန်အိပ်ပျော်သွားလဲ မမှတ်မိတော့။ နောက်ဆုံးမှတ်မိတာက အခန်းအပြင်ဘက်မှာ မြင်နေရတဲ့ နေလုံးကြီးရောင်နီထွက်စပြုချိန်မို့ အာရုဏ်တက်ဆိုတာပဲ သိတာကလွဲရင် ဘယ်အချိန်မောမောနှင့် မဟူရာ အိပ်ပျော်သွားမှန်းမသိခဲ့။
"သူများကို မထနိုင်အောင် ဒုက္ခပေးထားပြီး သူကျတော့ ကောင်းကောင်းအိပ်နေတယ်...."
ဘေးနားမှာ ညာဘက်လက်ကိုဆန့်တန်းထားပြီး မဟူရာ့ဘက်ကို မျက်နှာမူကာ အိပ်နေတဲ့သူ့ကို မဟူရာဒေါသဖြစ်ဖြစ်နဲ့ ကြည့်ပြီး ပြောလိုက်တာဖြစ်သည်။ မနက်ခင်းနေရောင်က အခန်းထဲမဝင်ပေမဲ့ အလင်းရောင်ကိုတော့ ကောင်းစွာဖြန့်ကျက်ပေးထားတာကြောင့် သူ့ရဲ့ပုံစံကို ရှင်းလင်းစွာ မြင်နေရသည်။ ကြွက်သားတွေတောင့်တင်းခိုင်မာပြီး six packရှိတဲ့ သူ့ခန္ဓာကိုယ်က အားကစားလိုက်စားထားတယ်ဆိုတာ သိသာလှသည်။ သွေးကြောစိမ်းများ ထောင်ထွက်ကာ ရောယှက်နေတဲ့သူ့ရဲ့လက်ကြီးကြီးဆီ အကြည့်ရောက်သွားပြီး မဟူရာ့လက်သေးသေးလေးတွေနဲ့ သူ့လက်ကို သွားဆုပ်ကိုင်လိုက်တော့ သူ့လက်ကြီးကြီးထဲမှာ မဟူရာ့လက်လေးနွေးထွေးသွားရခြင်းနဲ့အတူ သူ့လက်ထဲမှာသေးသေးလေးဖြစ်နေတာကို သဘောကျစွာနဲ့ ထိုင်ကြည့်ရယ်နေတုန်း မဟူရာ့လက်ကို ပြန်လည်ဆုပ်ကိုင်လာတဲ့သူ့ကြောင့် အလန့်တကြားနဲ့ ရုန်းထွက်လိုက်ပေမဲ့ သန်မာလှတဲ့သူ့လက်တွေကြား မရုန်းထွက်နိုင်ခဲ့ဘဲ အထိတ်တလန့်မျက်ဝန်းတွေနဲ့ကြည့်မိတော့
"ဘာတွေအဲ့လောက် လန့်နေရတာလဲ....ကိုယ့်ချစ်သူလက် ကိုယ်ကိုင်တာပဲကို...ဟုတ်တယ်မလား..."

YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...