"ဘယ်လိုလဲ ကောင်းတယ်မလား"
ကောင်းတဲ့တနေရာကို ခေါ်သွားမယ်ဆိုပြီး တံတိုင်းလက်ကိုကိုင်ကာ ရှေ့ကနေသူမလေးဦးဆောင်ခေါ်လာခဲ့တာက ပွဲဈေးတန်းမှာရောင်းနေတဲ့ဝက်သားဒုတ်ထိုးဆိုင်ပင်ဖြစ်သည်။ ပွဲဈေးမို့ဆိုင်မှာလူတွေရှုပ်ယှက်ခတ်နေကာ ထိုင်စားတဲ့သူတွေကစား၊ တချို့ကစောင့်ရတာစိတ်မရှည်ေတာ့လို့ မတ်တပ်ရပ်ပြီးစားနေကြလေသည်။ တခါမှမစားဖူးတဲ့အပြင် ဒီလိုနေရာနိမ့်နိမ့်လေးမှာဆိုင်တည်ထားပြီး အစားစာတွေကိုနိမ့်နိမ့်လေးတင်ထားတာ တော်ကြာဖုန်တွေဝင်ကုန်ရင်ဘယ်လိုလုပ်မလဲ??...ဒီလောက်ဆိုင်ေဘးနားမှာလမ်းတွေလျှောက်နေတော့ ဖုန်မှုန့်ဆိုတာ အနည်းနဲ့အများတော့ကပ်မှာသေချာသလောက်ပင်ရှိသည်။
"ဒီနေရာကလား ရာရာ"
"အင်းလေ...အရင်စားကြည့်ပါဦး"
မျက်မှောင်ကြီးကြုတ်ကာ ထိုဆိုင်ကိုကြည့်နေတဲ့သူ့ကို တချက်ရယ်လိုက်ပြီးသူ့လက်ကိုဆွဲခေါ်လိုက်ကာ လွတ်နေတဲ့ခုံကို အမြန်ဦးထိုင်လိုက်သည်။ မဟုတ်ရင်တခြားလူလုသွားမှာစိုးတာကို....
"အန်တီရေ ကြာဇံကို အသားလေးနဲ့အရွတ်လေးတွေများများထည့်သုပ်ပေးပါ အချဉ်ရည်ရွှဲရွှဲလေးနော်"
"အချဉ်ရည်လျှော့ထည့်သုပ်ပေးပါ"
"ဘာလို့လဲ အချဉ်ရည်ရွှဲမှစားလို့ကောင်းတာ ခြောက်ခြောက်ကြီးဆိုစားလို့မကောင်းဘူး"
"ရာရာ ဒီနေ့စားတာဗိုက်နာစာတွေချည်းပဲ ရာရာစားပါစေဆိုပြီးအလိုလိုက်ထားတာ ခုကlimitကျော်နေပြီ တော်ကြာဗိုက်တွေနာကုန်ရင် ရာရာပဲခံစားရမှာ အဲ့ကျရင်ကိုယ်က ဘာမှမလုပ်ပေးနိုင်လို့ဆိုပြီးဝမ်းနည်းရ ပြီးတော့မပိတ်ချင်ပိတ်ချင်နဲ့ ဒီအစားအစာစားခွင့်တွေပါ ပိတ်လိုက်ရလိမ့်မယ် အဲ့လိုဆို ရာရာကရလို့လား"
"သမီးကောင်လေးက သမီးကိုတော်တော်ချစ်တာပဲ သူပြောတာလည်းမှန်တာပဲ သူ့စကားနားထောင်လိုက်ပါသမီးရယ် အန်တီသမီးကိုအရသာရှိရှိလုပ်ပေးလိုက်မယ် စားမကောင်းမှာတော့စိတ်မပူနဲ့"
အန်တီကြီးပြောစကားကြောင့် သူ့ဘက်ကိုလှည့်ပြီးကြည့်လိုက်တော့ မျက်ခုံးပင့်ပြီးအောင်နိုင်သူစတိုင်နဲ့ပြောလာတဲ့သူ့ကို အမြင်ကပ်ကပ်နဲ့မဲ့ရှုံ့ပြလိုက်သည်။ တကယ်ပဲ သူနဲ့မသိကျွမ်းတဲ့သူကိုတောင် သူ့ဘက်ပါအောင်ဘယ်လိုများဆွဲဆောင်နိုင်လဲမသိဘူး...

KAMU SEDANG MEMBACA
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romansaအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...