"ဒီမှာ တွေ့လား ဓား...လူကြီးပြောစကားနားထောင် တခွန်းမကျန်ပြန်မပြောနဲ့"
လက်ထဲမှာဓားကိုင်ပြီး ခြိမ်းခြောက်နေတဲ့အမေကို မဟူရာ မျက်ရည်တွေပြည့်နေတဲ့ အသနားခံမျက်ဝန်းေတွနဲ့ကြည့်ရုံကလွဲပြီး မတတ်နိုင်။ ဒေါ်တင်လှခဏခဏရိုက်နေကြောင်းကို အမေဖြစ်သူကိုတိုင်လိုက်တော့ "ငါ့အမေကရိုက်တာ နင်ဆိုးလို့ဖြစ်မှာပေါ့ ငါ့အမေကအကြောင်းမရှိဘဲရိုက်တတ်တဲ့သူမဟုတ်ဘူး" လို့ဆိုလာတဲ့အမေကို သူမကိုယုံဖို့နည်းနည်းလောက်ပြောပြမိတာကို သူပြောတာကိုနားမထောင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ မီးဖိုချောင်ကိုခပ်သုတ်သုတ်ထွက်သွားတာကြောင့် မဟူရာကြောင်ကြည့်လိုက်မိသေးသည်။ မီးဖိုချောင်ကပြန်ထွက်လာလျှင် လက်ထဲမှာပါလာတာက ဓားတချောင်းပဲဖြစ်ေလသည်။ အံ့ဩချိန်တောင်မရလိုက်။ ထမင်းစားဖို့စားပွဲမှာထိုင်နေတဲ့ မဟူရာ့လက်တဖက်ကို ထိုစားပွဲပေါ်တင်လိုက်ပြီး ဓားနဲ့ချိန်လာတာမို့ ကြောက်လန့်တကြားနဲ့အော်ဟစ်ငိုယိုမိတော့
"နင့်ေ*ာက်ပါးစပ်ပိတ်ထားစမ်း ကျက်သရေကိုမရှိဘူး ငါကိုင်ထားတာဘာလဲသိတယ်မလား နောက်တခါအမေကို ပြန်ခံပြောဦးမလား ဟမ် ပြန်ခံပြောချင်သေးလား"
မျက်လုံးပြူးပြူးနဲ့ မဟူရာ့လက်ကိုအားနဲ့ညှစ်ထားပြီး ထိုဓားနဲ့လှီးနေတဲ့အမေဆိုသူရဲ့ပံုရိပ်နဲ့အတူ လက်ကလည်းနာကျင်လာတာကြောင့်
"သမီးပြန်ခံမပြောတော့ပါဘူး မေမေ နောက်ဆိုသမီးလိမ္မာပါ့မယ် သမီးကိုလွှတ်ပေးပါ သမီးနာနေပြီမို့လို့ပါ နောက်ဆိုမေမေ့စကားနားထောင်ပါ့မယ်"
မျက်ရည်အရွှဲသားနဲ့ပြောနေတဲ့ ထိုကောင်မလေးရဲ့ ဝပ်တွားေတာင်းပန်ေနတဲ့စကားသံကို မကြားသည့်အလား တချက်ကေလးတောင် ဂရုမစိုက်ဘဲနေခဲ့လေသည်။
~~~
"အားးး..."အော်သံနဲ့အတူ အိပ်ယာပေါ်ကနေဆတ်ခနဲငုတ်တုတ်ထိုင်လိုက်မိသည်အထိ မဟူရာ့ကို ထိုအိပ်မက်ဆိုးကခြောက်လှန့်နိုင်သည်။ ကုန်းပေါ်ကနေ ရေထဲပြန်လွှတ်ပေးလိုက်လို့ ခုမှအောက်ဆီဂျင်ကိုအသည်းအသန်ပြန်ရှူနေရတဲ့ပုံစံနဲ့အတူ မဟူရာ့ရဲ့ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည်နဲ့ဖြစ်သည်။ နှလုံးခုန်သံကိုလည်း အတိုင်းသားကြားနေရတာမို့ နည်းနည်းလောက်ဖြစ်ဖြစ် ငြိမ်သွားစေရန်အလို့ဌာ ရင်ဘတ်ကို လက်လေးနဲ့ဖိထားလိုက်ရသည်။
ŞİMDİ OKUDUĞUN
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romantizmအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...