Unicode~~
"ဘာလဲ ဒီတခေါက်လည်း မဟူရာမို့လို့ ကူညီပေးတာပဲလား"
ကော်ဖီဆိုင်ကထွက်လာပြီး နှစ်ယောက်အတူလမ်းလျှောက်နေတုန်း သူမလေးဘက်မှပြောလာတဲ့စကား.....
"အင်းးး....ဟုတ်ပေမဲ့ တခြားအကြောင်းတခုကြောင့်လည်း ပါတယ်"
သူပြောလိုက်တော့ သူမခေါင်းလေးက သူ့ဘက်ကို လှည့်လာပြီး
"ဘာအကြောင်းလဲ"
"မဟူရာ အနေခက်နေလို့လေ ပြီးတော့အဲ့တယောက်နဲ့ ရှိနေရတာ စိတ်ရှုပ်နေတဲ့ပုံဖြစ်နေလို့ အဲ့ဒါကြောင့် ကိုယ်မဟူရာ့ကို ခေါ်ထွက်လာခဲ့တာ"
သူပြောတဲ့စကားကြောင့် မဟူရာအံ့ဩသွားတာတော့အမှန်။ အကြောင်းမှာ အမြဲတည်တည်ကြီးနေတတ်တာမို့ မဟူရာဘာတွေးတွေး မျက်နှာမှာမပေါ်တတ်ပေ။ ဒါဆို သူ ငါ့စိတ်ကိုဘယ်လိုများ ဖတ်နိုင်ရတာလဲ?....
"အဲ့ဒါဆို....ရှင်နဲ့ဆိုရင်ရော မဟူရာအနေခက်နေတာ မမြင်မိဘူးလား"
"မမြင်ပါဘူး မင်းကိုယ့်ကို စစတွေ့ချင်းကထက်စာရင် တနေ့တခြား ပို ပိုပြီးအမြင်ကြည်လာပြီလေ ဟုတ်တယ်မလား"
"အဟွန်း....ရှင်က interior designerမလုပ်ဘဲ ဗေဒင်ဆရာလုပ်သင့်တာ"
"အဟက်"
နှုတ်ခမ်းခပ်ဟဟဖွင့်ပြီး ရယ်လိုက်တဲ့သူ့ကို မဟူရာငေးမောကြည့်နေမိသည်....ယောက်ျားပီသတဲ့မျက်နှာအချိုးအကျ...ဖြူဖွေးတဲ့အသားဆိုပေမဲ့လည်း အခြားသူတွေလို မလိုက်မဖက်အသားရေမဟုတ်...အမြဲရှပ်အင်္ကျီကို လက်ခေါက်တင်ပြီး ဝတ်လေ့ရှိတာကြောင့် သွေးကြောများထောင်ထွက်လျက်ရှိနေတဲ့ သူ့လက်ကိုတော့ မဟူရာတော်တော် သဘောကျမိတာအမှန်...အရပ်၆ပေကျော်ရှည်တဲ့သူနဲ့ မဟူရာနဲ့ယှဉ်ရပ်ရင် မဟူရာက ဘေးနားမှာ သေးသေးလေးဖြစ်နေလေသည်။...
"ကိုယ်ဒီအလုပ်ရွေးရတာက ဘယ်သူ့ကြောင့်မို့လို့လဲ"
တံတိုင်းစိတ်ထဲကနေ ပြောလိုက်ခြင်းပင်။
"မဟူရာ့ကို ကိုယ် တခုလောက်မေးလို့ရမလား"
"မေးလေ"
"မဟူရာ ဘာလို့ အချစ်ကိုမုန်းနေသလို ပုံစံမျိုးဖြစ်နေရတာလဲ"
ESTÁS LEYENDO
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...