"ကျွန်တော်ကိုယ်တိုင် လက်ထပ်တဲ့အကြောင်းကို မပြောဖို့ တားခဲ့ရဲ့သားနဲ့ ဘာလို့ပြောလိုက်ရတာလဲ"
ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်တဲ့ တံတိုင်းက ပြောလိုက်တော့
"ဒါဆိုသားက အဲ့မိန်းခလေးနဲ့ လက္မထပ်တော့ဘူးလား"
"ကျွန်တော့်ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံးအထိ ချစ်ပြီး လက်ထပ်ချင်တဲ့သူက ရာရာလေ လက္မထပ်ချင်တာတော့ ဘယ်ဟုတ်ပါ့မလဲ"
"ဒါဆို ဘာလို့ အချိန်တွေ ဆွဲနေရတာလဲ ပြီးတော့ ဒါလေးပြောတာနဲ့ပဲ ဒီလိုပြီးစလွယ်ထွက်ပြေးသွားရောလား"
"ရာရာကဘယ်တော့မှ အကြောင်းရာတခုကို ပြီးစလွယ်ပြောတတ်တဲ့သူမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ် ပြီးတော့ ကျွန်တော် ရာရာ့ကို ေကာင်းေကာင်းသိတယ် အကြောင်းမရှိဘဲနဲ့ ကျွန်တော့်ကို ဒီလိုအဝေးကို တွန်းထုတ်ပစ်တတ်တဲ့သူမဟုတ်ဘူး"
"ဒါပေမဲ့ သားရယ် သူက..."
"ကျွန်တော့်ဘဝမှာ ချစ်မိတဲ့ တယောက်တည်းသောသူပါ အမေ
ကျွန်တော် ရာရာ့ကိုမှမရရင် ဒီတသက် လက္မထပ်ေတာ့ဘူး""သား...တံတိုင်း..."
တချက်လွှတ်ပြောသွားပြီး ထွက်သွားတဲ့သားကို မျှော်လင့်တကြီးနဲ့ လှမ်းခေါ်လိုက်ပေမဲ့ လှည့်မလာတဲ့အပြင် သူမမြင်ကွင်းရှေ့ကနေပါ ပျောက်ကွယ်သွားတဲ့သားကြောင့် ဒေါ်ဝတ်ရည်ငိုလေတော့ သူမယောက်ျားဖြစ်သူ ဦးထွဋ်ခေါင်က
ပုခုံးလေးကို ဖက်ထားတော့ အလိုက်သင့်လေး နွဲ့ကျလာတဲ့သူမက"ဒီလိုပံုစံနဲ့ သားလေးကို သိပ်စိတ်ပူတာပဲ ကိုထွဋ်ရယ်"
"သိပ်လည်းစိတ်ပူမနေပါနဲ့ ဝတ်ရည်ရယ် ကိုယ်တို့သားချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်း ဘယ်တုန်းက မှားခဲ့ဖူးတာ ရှိလို့လဲ သားကိုပဲယုံကြည်ပြီး စောင့်ပေးလိုက်ပါကွာ"
ဒေါ်ဝတ်ရည်ခန္ဓာကိုယ်ကို ဦးထွဋ်ခေါင် တင်းကျပ်စွာ ဖက်ထားပြီး နှစ်သိမ့်နေလေတော့သည်။
~~~
တိုင်းရဲ့အိမ်က ပြန်လာပြီးတည်းက မဟူရာ အခန်းထဲမှာပဲ ဒူးပေါ်မျက်နှာအပ်ကာ ငိုင်ငိုင်ကြီးထိုင်နေခဲ့တာ ခု ခြေထောက်တွေပါ ထုံနေလေသည်။

YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...