"ဒါကြီးက လေယာဉ်တဲ့လား ယုံတောင်မယုံနိုင်ဘူး"
ကိုယ်ပိုင်လေယာဉ်ကွင်းထဲက လေယာဉ်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ မဟူရာ့နှုတ်ဖျားကနေ အံ့အားသင့်စွာပြောထွက်လာရခြင်းဖြစ်သည်။ အပြင်ကနေကြည့်ရင် သေသပ်လှပပြီး အဖြူရောင်နဲ့မိုးပြာရောင်ဆေးရောင်ကိုသာသုတ်ခြယ်ထားတဲ့ဒီလေယာဉ်က ဈေးကြီးတယ်ဆိုတာသိသာလွန်းပြီး အထဲမှာေတာ့သေးနေမယ်လို့ထင်ထားမိပေမဲ့ အထဲကိုဝင်ကြည့်လိုက်ရင်တော့ အပြင်နဲ့မတူကာ အပြင်အဆင်ကအရမ်းမိမိုက်လွန်းသည်။ နှစ်ယောက်ထိုင်ခုံကို ပြင်ဆင်ပေးထားရုံတင်မက အိပ်လို့ပါရတဲ့နေရာကိုပါထည့်သွင်းပေးထားပုံထောက်ရင် ဒီေလယာဉ်အမျိုးအစားက ဈေးကြီးမဲ့ထဲပါလောက်မည်။ နောက်ပြီး အိပ်လို့ရတဲ့နေရာကိုကြည့်ပြီး မဟူရာတင်မဟုတ်ဘဲ တိုင်းပါအိပ်လို့ရလောက်တယ်လို့တွေးမိလေတော့ ကိုယ့်အတွေးကိုယ်ပြန်ရှက်နေမိသေးသည်။
"ကြိုက်ရဲ့လား ကိုယ် ကိုယ်တိုင်ရာရာ့အတွက်ပြင်ဆင်ပေးထားတဲ့အပြင်အဆင်ကို"
လေယာဉ်ထဲမှာ လှည့်ပတ်ကြည့်နေတုန်း နောက်ကနေသိုင်းဖက်လာတဲ့ တိုင်းကမေးလာခြင်းဖြစ်သည်။ မဟူရာ့ဗိုက်ပေါ်မှာ လက်တင်ထားရင်း နောက်ကနေပွေ့ဖက်ထားတဲ့တိုင်းရဲ့အနွေးဓာတ်လေးက မဟူရာ့တကိုယ်လုံးကိုလွှမ်းခြုံထားသလို မဟူရာ့ရင်ထဲမှာလည်း ဝမ်းသာပျော်ရွှင်ရမှုတို့က နေရာအပြည့်ယူထားလေသည်။ တိုင်းရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ကာ တိုင်းနဲ့မျက်နှာချင်းဆိုင်လိုက်သည်။ ခပ်ဟဟအပြုံးလေးဆိုပေမဲ့ ဘယ်သူနဲ့မှတွေ့ရင်ဒီလိုခပ်ဟဟလေးတောင်မပြုံးတတ်တဲ့ တိုင်းရဲ့ထိုအပြုံးလေးဟာ မဟူရာ့အတွက်တော့ ဘယ်လိုအရာမျိုးနဲ့မှနှိုင်းယှဉ်လို့မရအောင် အဖိုးထိုက်တန်လွန်းလှသည်။ မျက်ခုံးထူထူ၊ နှာတံစင်းစင်း၊ ချောမောခန့်ညားနေတဲ့ ဒီချစ်ဖို့ကောင်းတဲ့လူကြီးကို မဟူရာ့ဘက်က စိတ်မထိန်းနိုင်စွာနဲ့ သူ့ရဲ့နှုတ်ခမ်းကိုလှစ်ခနဲ အနမ်းတပွင့်ပေးလိုက်မိသည်။
တံတိုင်းကို အရင်ဆုံးလာနမ်းတဲ့သူမလေးဟာ နမ်းပြီးပြီးချင်းမှာပဲ တံတိုင်းရင်ခွင်ထဲကိုမျက်နှာေလးကွယ်ဝှက်ထားေလသည်။ ရှက်လွန်းလို့ နီရဲတွတ်နေတဲ့နားရွက်လေးတွေကို တံတိုင်းအသည်းယားစွာနဲ့ ဖွဖွလေးကုန်းကိုက်မိလိုက်တော့ မော့ကြည့်လာတဲ့သူမမျက်နှာလေးကို အမိအရဖမ်းပြီး သူမနှုတ်ခမ်းေလးကိုနမ်းရှိုက်ပစ်လိုက်တာ လေယာဉ်ထွက်တော့မယ်ဆိုပြီး သတိလာပေးတော့မှရပ်လိုက်ရလေသည်။ မရပ်ချင်ရပ်ချင်နဲ့ပေါ့.....။
~
~
~
~
ေလယာဥ်ဆင်းလာေတာ့ အစောကြီးပဲရှိသေးသည်။ မြန်မာနဲ့New Yorkနဲ့က (၁၁)နာရီတောင်ကွာခြားတာမို့လို့ မြန်မာမှာညဘက်ဖြစ်နေပေမဲ့ ဒီဘက်မှာတော့ မနက်ဘက်ပဲရှိသေးသည်။ အဆင့်သင့်စောင့်ကြိုနေတဲ့ကားထဲကို မဟူရာအပြေးလေးဝင်မိလေသည်။ မြန်မာမှာသာသိပ်မအေးပေမဲ့ New Yorkရဲ့ဆောင်းတွင်းကတော့ အနွေးထည်ဝတ်ထားတာတောင်မှ အသားထဲထိတောင်အေးစိမ့်နေလျှက်ရှိသည်။ ဒါတောင် လေယာဉ်ပေါ်ကမဆင်းခင် တိုင်းက မဟူရာအေးတတ်မှန်းသိလို့ အနွေးထည်ထူထူကြီးတွေနဲ့သိုးမွှေးမာဖလာကိုဝတ်စေပြီး လက်အိတ်လည်းဝတ်စေသည်။ ကားထဲမှာတော့ဘွိုင်လာဖွင့်ထားတာကြောင့် ခုနအပြင်ကလောက်မအေးတော့ပဲ နေလို့ရလောက်တဲ့အပူချိန်မျိုးဖြစ်သွားလေသည်။ တိုင်းကလည်း ဖက်ပေးထားလို့ဖြစ်မယ်....။

YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...