အပိုင်း (၁၅)

7.2K 185 6
                                    

"ကျစ်!နိုးပြန်ပြီ ဘယ်လောက္မှလည်း မအိပ်ရသေးဘဲနဲ့

နိုးလာလို့ ဖုန်းဖွင့်ကာ နာရီကြည့်လိုက်မိတော့ တနာရီ။ ၁၂နာရီကမှအလုပ်တွေပြီးလို့ အိပ်ရာဝင်ခဲ့တာ အိပ်မက္ဆိုးတွေကြောင့်နဲ့ ပြန်နိုးလာရပြန်ပြီ.....

"ဂွက်!"

ရေသောက်ပြီး စားပွဲပေါ်ကို ဖန်ခွက်ချလိုက်လို့ ထွက်လာတဲ့အသံ......။

"ဟူး.....ငါဒီနေ့တော့ အိပ်လို့မပျော်တော့ဘူးထင်တယ်"

သက်ပြင်းချပြီး ပြောလိုက်တဲ့စကား.....ထူးဆန်းတာကတော့ တံတိုင်းသူမဘေးမှာရှိခဲ့ပြီး နှစ်သိမ့်ပေးခဲ့တဲ့အချိန်ကစလို့ အိပ်တော့မပျော်ပေမဲ့ အရင်လိုငိုချင်စိတ်မရှိတာတော့အမှန်ပင်။

"အေးလေ အိပ်မပျော်မဲ့အတူတူ ဖုန်းပဲသုံးတာပေါ့"

ဘေးနားမှာသရဖီကတော့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ကို အိပ်ပျော်နေလေသည်။ ထို့ကြောင့် ဖုန်းမှာearphoneလေးတပ်လိုက်ပြီး လိုင်းပေါ်တက်လိုက်တာနှင့်တပြိုင်နက်

"ကတောက်!"

ဆိုတဲ့အသံနဲ့အတူ telegramမှ ဝင်လာတဲ့မက္ဆေ့ခ်ျတခု.....ခန့်မှန်းစရာမလိုလောက်အောင်ပင် စိတ်ထဲ၌သိနေသည်။ မင်းတံတိုင်းဆိုတာကိုပေါ့......မဟူရာပြုံးလိုက်ပြီး မက္ဆေ့ခ်ျကိုဖွင့်လိုက်တော့....

"ခုထိမအိပ်သေးဘူးလား。◕‿◕。"

ကြည့်ပါဦး.......သူမ မအိပ်သေးတာကိုကအစ သိနေတယ်တဲ့လား..... voice clipနဲ့ပို့လာတဲ့သူ့ရဲ့ချိုမြိန်ပြီး ယောက်ျားပီသတဲ့အသံကြောင့် မဟူရာ့စိတ်ထဲလုံခြုံသွားသလို ခံစားလိုက်ရသည်....ဘယ်သူနဲ့မဆိုone night standခဲ့တဲ့သူမက ဒီလိုခံစားချက္မျိုး မဖြစ်ခဲ့တာ တော်တော်ကြာလေပြီ.....

"အင်း မကောင်းတဲ့အိပ်မက္မက္လို့ နိုးသွားတာ ရှင်ရောခုထိမအိပ်သေးဘူးလား"

သူမလည်း voice clipနဲ့ပဲပြန်ပို့ဖြစ်သည်။ သရဖီနိုးသွားမှာစိုးလို့ တိုးတိုးလေးပြောရင်းနဲ့ပေါ့.....

"အဟွန်း ကိုယ်တို့ဘက္မှာ ခုမှ၇နာရီပဲ ရှိသေးတာလေ မဟူရာရဲ့ အိပ်ဖို့အစောကြီးရှိသေးတယ်လေ"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Où les histoires vivent. Découvrez maintenant