"ဟမ်!...ဒါက ဘယ်လိုဖြစ်လို့ တယောက်စာတောင်မရှိရတာလဲ?"
စားပွဲပေါ်မှာ တိုင်းလာချပေးတဲ့ ပန်းကန်ထဲက ပုစွန်တန်ပူရာကြော်လာချပေးတော့ ပန်းကန်ထဲမှာ ခြောက်ကောင်ပဲရှိတာမို့ မဟူရာအံ့အားသင့်ပြီး မေးလိုက်ခြင်းဖြစ်သည်။
"တိုင်းရော မစားဘူးလား"
ကိုယ် ရာရာ့ကို တနေရာခေါ်သွားမလို့ ညနေကလည်း ဘာမှမစားရသေးဘူးလေ တော်ကြာ လမ်းမှာဗိုက်ဆာေနမှာစိုးလို့ အရံသင့်စားခိုင်းထားတာ ကိုယ့်ကောင်မလေးက ခဏခဏစားတတ်တဲ့သူဆိုတော့
မဟူရာ့ပါးကို ဖြေးဖြေးလေးဆွဲကိုင်ရင်း ပြောလိုက်တဲ့သူ့ကြောင့်
"ဘယ်နေရာခေါ်သွားမလို့လဲ"
"အင်းးးး...အဲ့ဒါက...secret!"
သူ့နှုတ်ခမ်းကို လက်ညိုးနဲ့ပိတ်ပြီး မျက်လုံးလေးတဖက်မှိတ်ရင်း ပြုံးစစနဲ့ပြောလာတဲ့သူ့ကြောင့် မဟူရာ သိချင်စိတ်တွေတဖွားဖွားဖြစ်လာလေသည်။
"ရာရာစားပြီးလို့ အဝတ်စားလဲပြီးတာနဲ့သွားကြမယ်"
လို့ပြောလိုက်တာနဲ့ သူပြင်ေပးထားတဲ့ ပုဇွန်တန်ပူရာကြော်ကို ဆိုင်ဖျော်ထားသလိုအချည်ရည်မျိုးနဲ့တို့စားပြီး အီမှာစိုးလို့ဖျော်ပေးထားတဲ့ လိမ္မော်ဖျော်ရည်တို့ကို အမြန်နှုန်းနဲ့ ပန်းကန်လုံးပျံစီးသလို အမြန်စားလိုက်တော့သည်။ ဒါတောင် မဟူရာစားနေတာကိုကြည့်ရင်း သူက ဖြေးဖြေးစားပါ သီးကုန်ရင် ဘယ်လိုလုပ်မလဲ အဲ့လောက်အမြန်မလုပ်လည်း မှီသေးတယ် လို့ဆိုကာ ပါးစပ်မှာေပနေတာေတွကို လက်နဲ့သုတ်ပေးရင်း ဘေးကနေ ဂရုတစိုက်စိုက်နဲ့ ပြောနေသေးသည်။
~~~~
"ဝါးးးး...မိုက်လိုက်တာ!!!"secretလို့ေပြာပြီးခေါ်သွားမယ်ဆိုတဲ့နေရာကို ကားပေါ်မှာတည်းက အရမ်းတွေသိချင်နေခဲ့ကာ ခုကိုယ်တိုင်မြင်လိုက်ရတော့မှ အရမ်းတွေမိုက်လွန်းပြီး လှလွန်းလှသည်။ အဆုံးကဘယ်နားထိတောင်မမြင်ရတဲ့လမ်းတလျှောက် မီးရောင်စုံတွေနဲ့ထိန်ထိန်လင်းနေလျက်ရှိပြီး လူတယောက်စာလမ်းေလျှာက်သွားဖို့ကိုတောင် မနည်းတိုးဝှေ့နေရကာ နေရာလွတ်တောင်မရှိတဲ့ တိုင်းခေါ်လာတဲ့နေရာက တန်ဆောင်တိုင်ရောက်တိုင်း ပြုလုပ်နေကျဖြစ်တဲ့ ရန်ကုန်မြို့ရဲ့လူစည်အကားဆုံး လမ်းမတော်ပွဲဈေးတန်းပင်ဖြစ်သည်။ လျှောက်တောင်မကြည့်ရသေးခင်မှာပဲ ရနေတဲ့စားစရာအနံ့ပေါင်းမျိုးစုံဟာ မဟူရာ့နှာခေါင်းဆီကို ရောက်လာပြီး မြူဆွယ်နေလေသည်။

KAMU SEDANG MEMBACA
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romansaအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...