အပိုင်း(၆)

8K 227 3
                                    

Unicode##

"ဝါး!!!!!ငါ ဘယ်ရောက်နေတာလဲ"

ခေါင်းငိုက်စိုက်‌နေရာမှ နိုးလာကာသမ်းရင်း ပြောလိုက်တဲ့စကား......ပန်းခြံတခုလိုနေရာမျိုးဖြစ်ကာ စုံတွဲတွေရော သူငယ်ချင်းအုပ်စုတွေသွားလာနေကြသည်.....အမူးကတော့ခုထိမပြေသေးသလို တယောက်ကိုလည်းနှစ်ယောက်မြင်နေသည်.....ခေါင်းခါပြီး အမြင်ရှင်းအောင် လုပ်တာတောင်မရ။

"ရွှီ့...ရွှီ့...."

ထိုစဉ်နှာခေါင်းထဲကို ဝင်လာတဲ့အနံ့တခုကြောင့် နှာတရှုံ့ရှုံ့ဖြစ်နေသည်...သူမ မကြိုက်တဲ့အနံ့ဖြစ်တဲ့ဆေးလိပ်နံ့.....အနံ့လာရာကြည့်လိုက်တော့ ဟိုဘက်ခုံတန်းကလူသောက်တာတွေ့တဲ့အခါမှာတော့.....

"ဒီမှာ ဒီလိုနေရာမျိုးတွေမှာ ဆေးလိပ်မသောက်ရဘူးဆိုတာမသိဘူးလား"

"ဘယ်သူကအမိန့်ထုတ်ထားလို့လဲ လူကညစ်နေရတဲ့ကြားထဲ ဘာတွေနဲ့လာတိုးနေလဲမသိဘူး သွားစမ်းပါ"

"ဖတ်!!"

ပြောတာနားမထောင်ဘဲ ဆေးလိပ်ဆက်သောက်ဖို့လုပ်နေတဲ့ထိုလူရဲ့ခေါင်းကို မဟူရာ ပိတ်ရိုက်လိုက်လို့ ထွက်လာတဲ့အသံ.......

"ဘာလဲဟ!ဒီမိန်းမ ရူးသွားပြီလား လက်စာမိချင်လို့လား...."

သူ့ကိုရိုက်လိုက်လို့ ထိုင်နေရာမှထလာကာ မဟူရာ့ကိုပြန်ရိုက်ဖို့လုပ်စဉ်မှာပဲ လေထဲမှာရပ်တန့်သွားတဲ့ထိုလူရဲ့လက်......
~~~~(´⊙ω⊙')
"ဘယ်ရောက်သွားတာလဲ?"

တံတိုင်းကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တုန်းက အန်ချင်တဲ့အရိပ်ယောင်ပြတာမို့ တံတိုင်းကားရပ်ပေးလိုက်တော့ တနေရာအပြေးသွားအန်တာကြောင့် သူမလေးရင်ဘတ်ကိုခပ်ဖွဖွလေးထုပေး‌သည်။ သူမပုံစံကမဟန်တာကြောင့် အနီးနားကဆေးဆိုင်မှာ အမူးပြေဆေးသွားဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ ပြန်လာတော့ ခုံတန်းပေါ်မှာ သူကိုယ်တိုင်ချီပွေ့ပြီး ထားခဲ့တဲ့ သူမလေးကိုမတွေ့တော့ချေ။ သူမကိုရှာဖို့ နေရာမှထွက်ဖို့ ခြေလှမ်းပြင်လိုက်တော့.....

"ဘာလဲဟ ဒီမိန်းမရူးနေပြီလား လက်စာမိချင်လို့လား"

ဟိုဘက်ထိုင်ခုံတန်းက ထွက်လာတဲ့အသံတသံ........

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now