Unicode##
"မဟူရာ ရှင့်ကိုမချစ်ဘူး"
တိတ်ဆိတ်နေတဲ့သူမဆီမှ ပထမဆုံးစပြောလာတဲ့စကား.........
တံတိုင်း ခန့်မှန်းပြီးသားပေမဲ့ လက်တွေ့မှာကြားလိုက်ရတော့ ရင်ထဲအောင့်ခနဲ......ဒါပေမဲ့ သူကိုယ်တိုင်ကလည်း လက်မလျော့ဘူးလို့ တွေးထားပြီးသားမို့ သူမလေးကိုပြုံးပြပြီး......
"ကိုယ်လည်း လက်မလျော့ဘူး"
"ဘယ်လို!"
"မင်း ကိုယ့်ကိုပြန်ချစ်လာဖို့ ကိုယ်လည်းလက်မလျော့ဘူးလို့ပြောတာ"
"အဟွန်း.......ကြိုးစားကြည့်ပေါ့ စိတ်ရှည်တတ်ရင်"
"အင်း မဟူရာ့အချစ်ကိုမရမချင်း ကြိုးစားမယ်လို့ ကိုယ်ကတိပေးတယ်.......ခုတော့ကိုယ်ပြန်တော့မယ် မဟူရာအလုပ်သွားဖို့အတွက် ပြင်ဆင်ရဦးမယ်မဟုတ်လား"
သူ့ကိုငြင်းလိုက်တာတောင် အပြုံးတချက်မပျက်ဘဲ စကားအေးဆေးပြန်ပြောကာ တံခါးဝဆီလျှောက်သွားတဲ့သူ့ကို မဟူရာကြည့်နေမိတာ တမေ့တမော.....
တံခါးဘုကို ကိုင်ပြီးမှ ဒီဘက်ပြန်လှည့်ကြည့်လိုက်တဲ့သူ......သူပြောလိုက်တာက......
'မဟူရာ ကိုယ့်ကိုချစ်လာတဲ့ထိ ကိုယ်ကြိုးစားမှာမို့ တခြားသူတွေနဲ့မတွေ့နဲ့နော်" တဲ့.........။
ပြုံးပြုံးလေးပြောသွားတဲ့သူ့ကိုကြည့်ပြီး မဟူရာတွေးလိုက်မိတာက
"ကြီးကောင်ကြီးမားဖြစ်ပြီး ကလေးဆန်လိုက်တာ....."
ပြုံးပြီးပြောလိုက်တဲ့သူမ......
တခြားသူတွေတုန်းက မမျှော်လင့်ခဲ့ဘဲ ဘာလို့ သူ့ကိုကျတော့ မဟူရာမျှော်လင့်နေရတာလဲ? သူ သူ့ကတိကိုတည်လိမ့်မယ်လို့ရော ဘာလို့ယုံနေရတာလဲ?.......
~~~
"မဟူရာ....မဟူရာ.....""ဟင်!!...အင်း....ပြော"
"ဒီမှာခေါ်နေတာကြာပြီ အသက်တောင်ထွက်တော့မယ် သိလား ငါကတော့အားရပါးရရှင်းပြလို့ သူကတော့အတွေးနယ်ချဲ့နေတယ် မဟူရာမ...."
စိတ်ဆိုးလာရင် နှုတ်ခမ်းကြီးစူထော်လာနေတဲ့ သူငယ်ချင်းမကိုဖျန်ဖြေကာ.......

YOU ARE READING
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romanceအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...