အပိုင်း (၃၁)

7.8K 195 2
                                        

"ဒီအထုပ်တွေက ဘာလုပ်တာလဲ?..."

ကောင်းမြတ် တံတိုင်းအိမ်လာတော့ တံတိုင်းအိမ်ရှေ့မှာရှိနေတဲ့ အထုပ်တွေကို မလိုက်ရင်း ပြောလိုက်ခြင်းပင်။ ထို့နောက် တံခါးpasswordကိုနှိပ်ပြီး ထိုအထုပ်များကိုမသယ်လာရင်း အိမ်ထဲဝင်လာခဲ့သည်။

"တံတိုင်း...မင်းအိမ်ရှေ့မှာ ဒီအထုပ်တွေတွေ့လို့ ငါသယ်လာခဲ့တယ်..."

ဧည့်ခန်းကကျယ်လွန်းတာကြောင့် ကောင်းမြတ်အသံကို တံတိုင်းမကြားဘူးဆိုတာသိနေတာမို့ မီး‌ဖိုချောင်ခန်းထဲထိလိုက်လာပြီး လက်မနှင့်ဧည့်ခန်းရှိရာဘက်ကို ညွှန်ပြပြီး ပြောလိုက်ခြင်းပင်။

"ကျေးဇူးပဲ...ကောင်းမြတ်...တလက်စတည်း အဲ့အထုပ်တွေ ဒီမီးဖိုချောင်ထဲ ယူလာခဲ့ပေးစမ်းပါ..."

"ဟင်!?...အဲ့အထုပ်တွေကို!!....ရွှေ့ရမယ်?..ငါက!!..."

ကောင်းမြတ် ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်တော့ မီးဖိုပေါ်မှာ တင်ထားတဲ့အိုးကို မွှေနေရင်းနဲ့ လှည့်ကြည့်လာတဲ့မင်းတံတိုင်း...အသားရောင်အေပရွန်ဝတ်စုံနဲ့တောင် သန့်ပြန့်ချောမောနေတဲ့ မင်းတံတိုင်းကို ကောင်းမြတ်မနာလိုစွာနဲ့ မျက်နှာရှုံ့မဲ့လိုက်သေးသည်။

"ဒီမှာမင်းနဲ့ငါပဲရှိတာ....မင်းမဟုတ်လို့ ဘယ်သူ့ကို ပြောရမှာလဲ..."

ပြောရင်း စဉ်းတီးတုံးပေါ်က အအေးခံထားတဲ့ ကြက်သားတွေကို နွှင်နေကာ ကောင်းမြတ်ကိုအဖတ်မလုပ်လာတာမို့ နောက်ဆုံးမတတ်နိုင်စွာနှင့်ပဲ ကောင်းမြတ်တယောက် သယ်မပေးလိုက်ရတော့သည်။

"မရတော့ဘူး....မောလိုက်တာ...အားတွေတောင်မရှိတော့ဘူး...မျက်လုံးတွေတောင် ပြာလာသလိုပဲ...."

ပစ္စည်းတွေသယ်မအပြီး ဆိုဖာပေါ်မှာ ခြေပြစ်လက်ပြစ်ထိုင်ချပြီး ပြောလိုက်တဲ့ကောင်းမြတ်ကြောင့် တံတိုင်းအမြင်ကတ်ကတ်နှင့် ဆန့်ထုတ်ထားတဲ့ခြေထောက်ကို ကန်လိုက်ပြီး

"အပိုတွေလုပ်မနေနဲ့...အထဲမှာ အကုန်လုံးဟင်းသီးဟင်းရွက်တွေချည်းပဲ...သူများကြားရင် မင်းကိုသံတုံးတွေ သယ်ခိုင်းနေတယ်ထင်နေမယ်..."

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Where stories live. Discover now