အပိုင်း (၃)

12.2K 305 14
                                        

Unicode##

"ပြင်သစ်ဘက်ကို ပြန်ပြင်ထားတဲ့ဒီဇိုင်းပို့ပြီးပြီလား"

"ဟုတ်ကဲ့ ပို့ပြီးပါပြီ အဖွဲ့ခေါင်းဆောင်"

"ဆွစ်ဇာလန်က ဒီဇိုင်းရော ဆွဲပြီးပြီလား"

"ဟုတ်ကဲ့ ဆွဲပြီးသွားပါပြီ ပစ္စည်းတွေသွားကြည့်ဖို့ပဲကျန်တော့တာပါ"

"ပစ္စည်းက သရဖီနဲ့အတူတူ ငါသွားကြည့်လိုက်မယ် ထပ်ဆွေးနွေးစရာကိစ္စရှိသေးလား"

"မရှိတော့ပါဘူး"

"အင်း ဒါဆို ဒီနေ့အစည်းဝေးဒီလောက်ပဲ"

အားလုံးအလျှိုလျှိုအခန်းထဲက ထွက်သွားပြီး သရဖီနဲ့ မဟူရာလည်းထတော့ ဒါရိုက်တာချုပ်ရောက်လာကာ

"ကိုယ် သရဖီနဲ့ သွားစရာကိစ္စလေး ရှိလို့လာခေါ်တာ ဟုတ်တယ်မလားသရဖီ"

"အယ် ဟုတ်သားပဲ မေ့နေတာ ဒီနေ့အိမ်ဆောက်ပြီးလို့ အိမ်တွင်းဒီဇိုင်းငါသွားလုပ်ပေးဖို့ မနက်ကဒါရိုက်တာချုပ်ပြောထားတာ ဆော်ရီး မဟူရာရေ ငါနင်နဲ့တူတူမသွားနိုင်တော့ဘူး"

"အပြင်အတူသွားကြမလို့ထင်တယ်"

"ဟုတ်တယ် မဟူရာနဲ့ဒီနေ့interior decorationsလုပ်ဖို့ပစ္စည်းသွားကြည့်ကြမလို့လေ ဒါရိုက်တာချုပ်နဲ့ပြောထားတာကိုမေ့ပြီးတော့"

"ဆော်ရီးဗျာ မဟူရာ့ကို အားနာလိုက်တာ"

မဟုတ်ဘူး တမင်လုပ်တာ....

"ရပါတယ် မဟူရာတယောက်တည်းသွားလိုက်ပါ့မယ်"

"ဘယ်ဖြစ်မလဲ မင်းတံတိုင်းကိုခေါ်သွားလိုက်ပါ သူလည်းပညာရတာပေါ့ အလုပ်သင် ဒီကိုခဏလာဦး........"

"ရတယ် မဟူရာ ကိုယ့်ဘာသာ..."

"မဟူရာအပြင်သွားမလို့ လိုက်သွားပေးလိုက်ဦး"

"ဟုတ်ကဲ့ ဒါရိုက်တာချုပ်"

ဘယ်လိုပြောပြောမရမဲ့ပုံမို့ အခန်းထဲမှထွက်လာခဲ့လျက်။ မင်းတံတိုင်းကသူ့ကို အလုပ်သင်လို့ခေါ်တာကြောင့် သူ့သူငယ်ချင်းကောင်းမြတ်ကို လည်ပင်းကိုလက်နှင့်ဖြတ်ပြလိုက်ပုံကိုတော့ မဟူရာမမြင်လိုက်ချေ။
~~~~~~🍂🍂
"ဒီမီးဆိုင်းယူမယ် ပြီးတော့ ဒီဆိုဖာရော"

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Où les histoires vivent. Découvrez maintenant