အပိုင်း (၃၉)

6.6K 172 14
                                    

"အဲ့နောက်ပိုင်းကစပြီး မဟူရာ မှောင်မဲနေတဲ့အိမ်သာဆို မဝင်ရဲတော့ဘူး စိတ်ကျန်းမာရေးဆရာဝန်ဆီသွားမေးကြည့်တော့ အဲ့တုန်းကဖြစ်ခဲ့တဲ့အရာကြောင့် ကြောက်စိတ်ဝင်သွားတာဖြစ်နိုင်တယ်တဲ့ အစကကုဖို့ကြိုးစားခဲ့ပေမဲ့ ဘယ်လိုလုပ်လုပ်မပျောက်သွားဘူး အဲ့ဒါနဲ့ဒီအတိုင်းပဲထားလိုက်တော့တယ်"

မဟူရာ့ကိုယ်လေးကို တဖြည်းဖြည်းနဲ့ပိုပိုတိုး တိုးပြီးဖက်လာတဲ့တိုင်းရဲ့လက်တွေပေါ် မဟူရာ့လက်လေးအုပ်ကိုင်ထားရင်း ဆက်ပြောမိသည်။

"ဒါပေမဲ့ နောက်ပိုင်းမှသိလာခဲ့ရတာက အမြဲတမ်းပိုက်ဆံမရှိဘူးဆိုပြီးညီးတွားနေတတ်တဲ့အမေဆိုသူက ချဲ၊နှစ်လုံးသုံးလုံးတွေထိုးပြီး အဲ့ဒါတွေကြောင့်ပဲ ရှိရှိသမျှပိုက်ဆံတွေအကုန် ချဲဒိုင်တွေဆီပဲ ရောက်သွားကြတယ်ဆိုတာပေါ့ ပြီးတော့ မဟူရာ့အတွက်ဆိုရင် ၅၀လောက်လေးထုတ်ရမှာကိုတောင်မကြိုက်တဲ့သူက သူတို့အတွက်ဆိုရင်တော့ ဘယ်လောက်ပိုက်ဆံကုန်ကုန် လိုချင်တာစားချင်တာရှိရင် ရအောင်ဝယ်စားကြတယ်"

ကုတင်ခေါင်းရင်းကို တိုင်းကမှီထားပြီး သူ့ရင်ခွင်ကိုမှီရင်း စကားပြောနေတဲ့မဟူရာကို နောက်ပါးကနေဖက်ထားရင်း ပြောသမျှစကားကိုငြိမ်ငြိမ်လေးနားထောင်ပေးနေခဲ့တာဖြစ်သည်။ မဟူရာပြောပြတာကိုနားထောင်ရင်း သူ့ခန္ဓာကိုယ်ကတုန် တုန်သွားတာကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့သူ့လက်သီးကို အုပ်ကိုင်ထားတဲ့မဟူရာ့လက်တွေကနေတဆင့် မဟူရာခံစားမိသေးသည်။

"သူတို့ကြောင့်နဲ့ ပတ်ဝန်းကျင်ကလူတွေကအစ မဟူရာ့ကိုတွေ့တာနဲ့ နှိမ်ချင်သလို မျက်လုံးတွေနဲ့ကြည့်ကြတယ် တခါတလေလည်း ပေါ်တင်အလှောင်ခံရတာလေးတွေလည်းရှိတာပေါ့ ယုတ်စွအဆုံး ရပ်ကွက်ထဲမှာခလေးတွေအုပ်စုလိုက်ကစားရင်တောင် မဟူရာကဘေးနားကနေထိုင်ကြည့်နေခဲ့ရတဲ့အချိန်ကပိုများတယ်"

အဲ့ဒီတုန်းကပတ်ဝန်းကျင်ကလူတွေက မဟူရာ့ကိုအမြဲနှိမ်တတ်တဲ့အကြည့်နဲ့ကြည့်သော်ငြားလည်း ခလေးမို့လို့ ထိုအရွယ်တုန်းကမသိခဲ့ပေ။ အသက်ကြီးလာတဲ့အချိန်ရောက်တော့မှသာ ထိုလူတွေရဲ့အကြည့်တွေကို အဓိပ္ပါယ်ဖော်လို့ရခဲ့တာပဲဖြစ်သည်။

   You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး)  [Complete]Où les histoires vivent. Découvrez maintenant