ဗီရိုထဲမှာ ငုတ်တုတ်လေးထိုင်နေတဲ့ တိုင်းကိုတွေ့သွားပြီး ထအော်လိုက်တဲ့သရဖီ...သူများတွေကြားသွားမှာစိုးလို့ မဟူရာအမြန်ပါးစပ်ပိတ်လိုက်ရလေသည်...
"တိုးတိုးလေးနေပါ...တခြားသူတွေ ကြားကုန်ဦးမယ်..."
"အု...အု...အု..."
ပါးစပ်ကိုပိတ်ထားတာကြောင့် ဘာပြောမှန်းမသဲကွဲတဲ့သရဖီကို ပြန်လွှတ်ပေးလိုက်တော့
"သူက ဘယ်လိုလုပ် ဒီမှာ ရောက်နေတာလဲ...?"
"ငါနဲ့ တိုင်းက...ဟို..."
"ကျွန်တော့်ကို ဒီမှာတွေ့လိုက်ရလို့ လန့်သွားတယ်ထင်တယ်...အထွေထူးတော့ မဟုတ်ပါဘူး...ရာရာနဲ့ ကျွန်တော်က ချစ်သူတွေ ဖြစ်နေတာမို့လို့ ကျွန်တော် ဒီကိုရောက်နေတာပါ...."
စကားဆက္မပြောဘဲ နေ နေတဲ့ရာရာကြောင့် တံတိုင်း ဗီရိုထဲမှထွက်ပြီး ရှင်းပြလိုက်လျှင်
"အော်...အဲ့လိုကိုး....ဟင်!?...ဘယ်လို...ချစ်သူတွေ...ဟုတ်လား....?"
"အင်း....ဟုတ်တယ်...ဒါပေမဲ့ နင့်ကို ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး..."
"ဒါဆို ငါမြင်ခဲ့တာ အမှန်ပဲပေါ့..."
"နင်က ဘာမြင်လိုက်လို့လဲ..."
"အထပ်အောက္မှာ ကြည်နူးရှလူးနေကြတဲ့ နင်တို့နှစ်ယောက်ကိုလေ..."
သရဖီပြောတာကြောင့် မဟူရာမျက်လုံးပြူးအံဩသွားရကာ
"ဟမ်!?...ဘယ်တုန်းကလဲ?."
"ဒီခရီးမထွက်ခင် ငါနင့်ကို လာကြိုတုန်းကလေ...နှစ်ယောက်သား မိုးမမြင်လေမမြင်နဲ့ အဲ့အထပ်ကရပ်ထားတဲ့ကားနောက္မှာ ရှိနေတဲ့ငါ့ကိုတောင် မမြင်ဘူးမလား..."
"မိုးမမြင်လေမမြင် မဟုတ်ပါဘူးဟ...စကားပြောနေရင်းနဲ့ ထွက်လာတာဆိုတော့ တခြားဘယ်ကို အာရုံစိုက်နိုင်ပါ့မလဲ...ဟုတ်တယ်နော်...တိုင်း..."
မလုံမလဲပုံစံလေးနဲ့ လည်ပင်းကိုပွတ်ကာ ပြောနေရုံတင် အားမရသေးဘဲ မဟူရာ့ကိုပဲ တချိန်လုံး အချစ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတဲ့မင်းတံတိုင်းဘက်ကို လှည့်ကြည့်ပြီး အဖော်တောင်စပ်လိုက်တဲ့ မဟူရာ့ပုံစံကို သရဖီအံ့ဩကာ ပါးစပ်က အင်္ဂလိပ်အက္ခရာ အိုပုံစံတောင် ထွက်သွားတော့သည်....ဟိုဘက်ကလည်း ထောက်ခံတဲ့ပုံစံနဲ့ ပြုံးပြုံးကြီး ခေါင်းကိုညိတ်လိုက်တာက ချက်ချင်း.....ဒီအတွဲနဲ့တော့ အံ့ဩပါရဲ့...ဘယ်လိုဖြစ်လို့များ အဲ့လောက်ထိ အတိုင်အဖောက်ညီနေကြတာပါလိမ့်...မဟူရာတို့ကိုကြည့်နေရင်း သရဖီအတွေးတခုဝင်လာကာ

KAMU SEDANG MEMBACA
You're my Aphrodite(ကိုယ့်အချစ်နတ်ဘုရားမလေး) [Complete]
Romansaအချစ်စစ်ကို တသက်မှာတခါတွေ့ကြပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးနေထိုင်သွားကြတယ်တဲ့။ ဒါပေမဲ့ အချစ်စစ်ဆိုတာက တွေ့ဖို့အရမ်းခက်ခဲတယ်လို့ လူတွေကပြောကြတယ် ငါ့အတွက်တော့ အချစ်စစ်မလိုအပ်ဘူး ဒီကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာမျိုးမရှိဘူး အားလုံးထက် ငါပိုသိပြီး...