ချန်လီကောက ကားရဲ့နောက်ခုံကို မှီထိုင်လိုက်ပြီး
သေချင်နေသည့် မျက်နှာထားကို ပြင်လျက်
ပြောလာသည်။
"ဒါလင်!ဒီနေ့ရိုက်ကွင်းက မြန်မြန်တော့ပြီးမှ
ဖြစ်မယ်နော်!ငါ ရှောင်ကျိုနဲ့ spaသွားဖို့ ချိန်းထားသေးတယ်!"အေးဂျင့် လျိုရှားရှားကတော့ ချန်လီကောရဲ့
အမူအရာကို ရိုးအီနေဟန်ဖြင့်....
"အာ..ကောင်းပြီလေ!ဟုတ်သားပဲ...... မင်းရိုက်ကွင်းရဲ့ အနေအထားကိုကြည့်ပြီးပြီလား?
တစ်ခုခုလိုအပ်တာရှိသေးလား?"ချန်လီကော: "ငါကြည့်ပြီးပြီရော...ပြဿနာမရှိဘူးရော!"
ချန်လီကောက ဒီကမ္ဘာကို ပြောင်းလာပြီး
ဒီခန္ဓာကိုယ်ထဲ ရောက်တော့မှ သူပြောလိုက်တဲ့
စကားတစ်ခွန်းရဲ့ အဆုံးမှာ အသံလှိုင်းပေါင်းများစွာကို ထည့်ရမည်မှန်း မှတ်ယူထားလိုက်သည်။သူ့systemရဲ့စကားကို နားမထောင့်ခဲ့သင့်မှန်း
နောင်တရလာပြီး အရင်ကမ္ဘာက သူ့မှာရှိခဲ့တဲ့
ဗိုက်ကြွက်သားများကို ပြန်သတိရလာသည်။
အဲဒီတုန်းက သူ့စိတ်တိုင်းကျ ဝိဉာဉ်တွေလဲလို့ရသည်။ အခုကမ္ဘာတွင်တော့ သူ့အလုပ်က
နေ့တိုင်းလိုလို အိမ်မှာထိုင်ပြီး လက်သည်းခြေသည်းတွေ အလှပြင်နေတာပင်။ချန်လီကော: "ငါမင်းကို နောက်ထပ် ဘယ်တော့မှ ထပ်မယုံတော့ဘူး!"
System: "ဘာလို့လဲ??"
ချန်လီကော: "မင်းရဲ့ ရည်ရွယ်ချက်တွေက မကောင်းဘူး"
System: "ငါဘယ်တုန်းက ရည်ရွယ်ချက်မကောင်းလို့လဲ?"
ချန်လီကော: "ငါအရမ်းမိန်းမဆန်နေလွန်းလို့ မင်းငါ့ကိုကြည့်တဲ့အခါ မျက်စိတွေ မစူးသွားဘူးလား?"
System: "အိုး..ငါမင်းကိုပြောဖို့ မေ့သွားတာ!ဌာနချုပ်က ငါ့ကို မျက်စိအကာအကွယ် functionအသစ် လုပ်ပေးထားတယ်!"
ချန်လီကော: "........."
System: "မိန်းမဆန်တာကြောင့် မင်းဘာသာမင်းပဲထိရှနေတာပါ"
ချန်လီကော: "........"
နောက်ဆုံးတော့ Systemက သူ့ကို စကား၂ခွန်းတည်းနှင့် နှစ်သိမ့်ပေးလိုက်သည်။ ထို၂ခွန်းကို
ခြုံငုံပြောရရင်တော့ မိန်းမဆန်တာလည်း
ကောင်းတာပဲ ဟူ၍ပင်။ သူရောက်နေတာ
အလွန်ရှုပ်ထွေးလှသည့် အနုပညာအသိုင်းအဝိုင်းထဲဖြစ်ပြီး ယောက်ျားတစ်ယောက်ကို ကောက်ယူကာ စေ့စပ်ပြီး လေ့ကျင့်ခန်းတွေလုပ်လည်း
သဘာဝပင်ဖြစ်သည်။ အရင်ကမ္ဘာမှ စည်းကမ်းများလောက်လည်း ဒီကမ္ဘာမှာ မတင်းကြပ်ပေမဲ့
သူ့System၏ စိတ်ဓာတ်ကတော့ ဆိုးရာမှ
ကောင်းမလာနိုင်ပေ။

ESTÁS LEYENDO
Perfect Destiny Arc9 မြန်မာဘာသာပြန်
AventuraThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...