လျိုရှားရှားက ချန်လီကောအား လှေကား
အောက်၌ စောင့်နေခဲ့သည်။ သူမက "လာလေ မင်း spaကို ရှောင်ကျိုနဲ့ သွားဖို့ချိန်းထားတယ်ဆို"
ချန်လီကော: "........" (ငါမသွားလို့ရလားဟင်??)
လျိုရှားရှား: "ဒီနေ့ ငါ့နောက်ကွယ်မှာ မင်းခြေသည်းတွေကို ဆက်မပြုပြင်နဲ့နော်!!!မင်းလက်သည်းခြေသည်းတွေလည်း သွယ်လျပြီးသား။ ဆက်လုပ်နေရင် ပိုပိုပြီးပိန်လာလိမ့်မယ်။
ငါရှာတွေ့ရင် ငါမင်းရဲ့ နှုတ်ခမ်းနီတွေနဲ့ စကပ်တွေကို လွှင့်ပစ်မှာနော်"
ချန်လီကော သူ့စကားကိုကြားတော့ ခဏတာလောက် တုန်လှုပ်သွားသည်။
သေချာတာပေါ့။ စွန်းချင်ချင်မှာ စကပ်ရှည်မြောက်မြားစွာနှင့် နှုတ်ခမ်းနီမြောက်မြားစွာ
ရှိပြီး cross dressတွေ မြောက်မြားစွာလည်း
ရှိသေးသည်။ သို့သော်လည်း သူ့မှာ cross dressဝတ်သည့် ဝါသနာက အနည်းငယ်သာ
ရှိပြီး သူက biတစ်ယောက်ဖြစ်ခဲ့ဖူးကာ
လျိုရှားရှားကိုပင် crushခဲ့ဖူးသည်။
အရုိးသားဆုံး ပြောရရင် သူ့ရဲ့ဝါသနာကို ချန်လီကော မဝေဖန်ချင်သော်လည်း ဂေးတစ်ယောက်အနေနဲ့ ဂေးအသိုင်းအဝိုင်းထဲမှာ ဒီတစ်ယောက်ရဲ့ပုံစံက တော်တော်လေး ဆိုးဝါးမည်ဆိုတာပင်။
တကယ်လို့ သူတို့ မိန်းမနှင့်တူသည့် အမျိုးသားတစ်ယောက်ကို ရှာနေခဲ့တာဆိုရင် မိန်းမတစ်ယောက်ကို ယူလိုက်ရင် မပြီးချေဘူးလား????
သနားစရာ ချန်လီကောဟာ အတွေးတစ်ခုတွေးမိလိုက်ရုံသာမက ရေရွတ်လိုက်သည်။
"ငါတို့နှစ်ယောက်ကြားမှာ ယုံကြည်မှုဆိုတာ
ပျောက်ဆုံးသွားပြီပဲ"
system: "ငါမင်းကို ဘာများလုပ်မိခဲ့လို့လဲ???"
ချန်လီကော မင်းအဲဒါကို ငါနောက်ကမ္ဘာမှာ လုပ်လို့ရတယ်လို့ ပြောခဲ့ပြီးတော့ ဆိုသော စကားကို ပြောချင်ပေမဲ့ ထပ်တွေးကြည့်လိုက်တော့
systemက သူ့ကိုလိမ်လည်းမလိမ်ခဲ့ပေ။
ထို့ကြောင့် ချန်လီကောက "မင်းငါ့နှလုံးသားကို စွန့်ပစ်ခဲ့လို့လေ"
system: "......."
သူသွားသည့် spaကို စွန်းချင်ချင် သဘောကျရသည့် အကြောင်းအရင်းက အနုပညာရှင်အများအပြားကို တွေ့ရလို့ပင်။
ESTÁS LEYENDO
Perfect Destiny Arc9 မြန်မာဘာသာပြန်
AventuraThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
