၅နာရီ၄၀မိနစ်၌ ရှဲ့အန်းဟဲ၏ကားက
ဆိုက်ရောက်လာခဲ့သည်။
ချန်လီကောက ရှဲအန်းဟဲ၏ကားအား
ကြည့်ကာ ကားအကောင်းစားတစ်စီးဖြစ်မှန်း
ရိပ်မိသွားသည်။
"အထဲဝင်လေ" ရှဲ့အန်းဟဲက
ချန်လီကောကို ပြောလာသည်။
ချန်လီကောက ခရီးသည်ထိုင်ခုံ၌
ထိုင်ကာ "မစ္စတာရှဲ့"
ရှဲ့အန်းဟဲက ခေါင်းညိမ့်လျက်
"ယဥ်ကျေးစရာမလိုပါဘူး"
ချန်လီကောက ရှက်နေတာကြောင့်
ခေါင်းငုံ့ထားလိုက်သည်။
တစ်လမ်းလုံး သူတို့နှစ်ယောက်က
ထွေရာလေးပါး ပြောလာပြီး
ချန်လီကော ဘာပြောပြော
သူကဂရုတစိုက် နားထောင်ပေးတတ်သည်။
"ဒီနေ့မင်းရိုက်တဲ့ကြော်ငြာကို
ကိုယ်တွေ့လိုက်တယ်...အရမ်းလှတာပဲ"
ချန်လီကောက သူ့ချီးမြှောက်မှုများကို
မခံနိုင်တော့စွာ "မစ္စတာရှဲ့..ကျွန်တော်"
ရှဲ့အန်းဟဲက ပြုံးလျက် "အရင်စားကြတာပေါ့။
ပြီးမှဆက်ပြောရအောင်"
ရှဲ့အန်းဟဲက ပြောရင်းဖြင့် ရုတ်တရက်
ကားအား သူ့အိမ်ပေါက်ဝမှာရပ်လိုက်သည်။
အထဲမှာဘယ်သူမှမရှိသော်လည်း
လေအေးပေးစက်က ဖွင့်ထားခဲ့တာကြောင့်
ရှဲ့အန်းဟဲက သူ့ကုတ်အင်္ကျီကိုချွတ်ကာ
ချန်လီကောကိုခြုံပေးလာသည်။
ချန်လီကောကတော့ ယနေ့ခေတ်လူများက
တစ်နေ့တစ်ခြားပွင့်လင်းလာသည်ဟု
တွေးနေမိသည်။
ရှဲ့အန်းဟဲက သူ့ကိုထိုင်ခိုင်းလိုက်ပြီး
အေပရွန်ဝတ်ကာ ဟင်းချက်ရန်ပြင်လိုက်သည်။
ချန်လီကောက သူကိုယ်တိုင်ချက်မယ်
မထင်ထားတာကြောင့် အားနာကာ
"မစ္စတာရှဲ့ကို ဒုက္ခရောက်စေမိပြီ"
"မင်းကိုယ့်ကို အန်းဟဲလို့ခေါ်ပေးပါ"
သူက ချန်လီကောကို စိုက်ကြည့်လျက်
ပြောလာပြီး ချန်လီကောဆီက "အန်းဟဲ"
ဆိုသော ခေါ်သံတိုးတိုးလေးကိုကြားမှ
လှည့်ကာ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
TVကလည်း ဖွင့်ထားလျက်ရှိပြီး
TVမျက်နှာပြင်ပေါ်၌ Spongebob ပြသနေကာ
သူမကြည့်ရသေးသော အပိုင်းဖြစ်နေခဲ့သည်။
ВЫ ЧИТАЕТЕ
Perfect Destiny Arc9 မြန်မာဘာသာပြန်
ПриключенияThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
