8.1(ဟွန့် လူဆိုးကြီး)

215 34 3
                                        

လျိူရှားရှားက ကုမ္ပဏီကို ပြန်ရောက်ရောက်ခြင်း ရှဲ့အန်းဟဲကို မြင်ရမည်ဟု မထင်ထားပေ။

ရှဲ့အန်းဟဲက သူမကို ကြည့်ကာ "ကျွန်တော် အစီအစဥ် တစ်ခုချထားတယ်"

လျိုရှားရှား "အဲလောက်မြန်လား"

"ကျွန်တော် ပြင်ဆင်ထားတာပါ။ ချင်ချင်က မိန်းမလို ဝတ်ရတာ ကြိုက်မှတော့ ဒီလိုကိစ္စက အနှေးနဲ့ အမြန် ဖြစ်လာနိုင်တယ်လေ"

"အင်းပါ ကောင်းတာပေါ့"

စကားဝိုင်းက နူးညံ့သော်လည်း လျိုရှား၇ှား သူ့ကို အကောင်းမမြင်ပေ။ သူမအမြင်မှာ ရှဲ့အန်းဟဲက စွန်းချင်ချင်ကို အနာဂတ်လက်တွဲဖော် အဖြစ် မတွေးထားဘဲ ကစားစရာလို တွေးတာလို့ ထင်သောကြောင့် ဖြစ်သည်။

သို့သော် လည်း သူ့ကို သူမ ကန့်လန့်တော့ မတိုက်ရဲပါ။ ထိုသူ စကားနည်းနည်း ပြောလိုက်တာနဲ့ စွန်းချင်ချင် ဘဝပျက်စီးသွားနိုင်သည်။

လျိုရှားရှားက သူ့ကို မပြောတော့ဘဲ ဖုန်းထုတ်ကာ လိုင်းပေါ် ကြည့်လိုက်ရာ "အရိပ်မီးအိမ်" ဇာတ်ကား၏ ပိုစတာအား အနီရောင်ဂါဝန်ဝတ်ထားသည့် စွန်းချင်ချင်ကို အမည်းရောင် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ရှဲ့အန်းဟဲက ကပွဲတစ်ခုတွင် ကသလို ပုံစံ တင်ထားသည်။

လျိုရှားရှားက အံ့သြလျက် "ဒီပိုစတာကို ဘယ်တုန်းက လုပ်လိုက်တာလဲ"

"ရိုက်ကူးရေးပြီးတော့့လေ။"

လျိုရှားရှားက  သူ့ကို လေးစားသွားကာ မေးလိုက်သည်။ "ဇာတ်ညွှန်းပါ ပြောင်းပစ်တာလား"

"အင်း။ ဒါရိုက်တာနဲ့ တိုင်ပင်လိုက်တာ။ မူလဝတ္ထုက ဇာတ်ကွက်အရ ချင်ချင်က အဲလိုဝတ်တဲ့အခန်းပါတယ်။ ဒါပေမဲ့ ဆင်ဆာအရ ဖျက်လိုက်ရလို့ ဇာတ်ကားထဲမှာတော့ ပါမှာမဟုတ်ဘူးလို့ ထုတ်ပြန်ပေးပါလို့ပါ ပြောထားတယ်"

လျိုရှားရှားက သူ့ကို ကြည့်လျက် "ဒီလိုဆိုမှတော့ ဒါရိုက်တာရှဲ့ကို အရမ်းကျေးဇူးတင်တာပေါ့"

ရှဲ့အန်းဟဲက "ချင်ချင်ကို ပြန်ပြောလိုက်ပါဦး"

လျိုရှားရှားက  ချက်ချင်းပဲ ချန်လီကောကို ဖုန်းဆက်လိုက်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 14 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Perfect Destiny Arc9 မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora