ချန်လီကော: "......." သူက ဆီလီကွန်ပုံစံခွက်ကို ကောကယူကြည့်လိုက်သည့်အခါတွင်တော့ ရှောင်ကျို၏အသံကစူးရှစွာ ထွက်ပေါ်လာခဲ့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် "ချင်ချင်!ငါသိသားပဲ!နင်အဲဒါကိုကြိုက်မယ်ဆိုတာ!နင်အမြဲဝတ်ချင်နေခဲ့တာမလား???ဒါငါကိုယ်တိုင်နင့်အတွက်လုပ်ပေးထားတာနော်!အဲဒါသုံးရလွယ်တယ်လို့ ငါကြားဖူးတာပဲ"
ချန်လီကောက ရှောင်ကျိုဘက် လှည့်လိုက်ပြီး "ရှောင်ကျို ယူကအရမ်းမုန်းစရာကောင်းတာပဲနော်!ဟွန့်!"
ရှောင်ကျိုက "မြန်မြန်!မြန်မြန်!မြန်မြန်!ဝတ်ပြလေ"
သေချာတာပေါ့!ဒါကဆီလီကွန်ရင်သားအတုတစ်ခုပင်။
ချန်လီကော၏ နှလုံးသားတွင် မျက်ရည်များ၊သွေးများဖြင့်ပြည့်နေခဲ့သည်။ သူက ရင်သားအတုကိုကြည့်ရင်း ဒီပစ္စည်းကို system၏ပါးစပ်ထဲသာထိုးထည့်ချင်ကြောင်းသာ ဆုတောင်းနေမိသည်။
ချန်လီကော: "system ဒါမင်းငါ့အတွက်ရွေးပေးတဲ့ ခန္ဓာကိုယ်ကောင်းလား???"
System: "အာ...မင်းဘာပြောတာ???ငါfunctionတွေပြန်ကောင်းအောင် ပြင်ပေးနေလို့ မကြားလိုက်ရဘူး"
ချန်လီကော: "........."
ရှောင်ကျို: "မြန်မြန် အဝတ်အစားတွေချွတ်တော့လေ!တော်လားကြည့်ရအောင်"
ချန်လီကော: "......."
ရှောင်ကျို: "နင်ရှက်နေတာတော့ မဟုတ်ပါဘူးနော်??"
ချန်လီကောက သူ့ရဲ့သေးသွယ်သည့် လက်ချောင်းလေးတွေဖြင့် မျက်ရည်စတွေကိုသုတ်လိုက်ရင်း "ရှောင်ကျိုရေ!တကယ်ပဲ ကျေးဇူးတင်တယ်နော်!နင်က ငါအချစ်ရဆုံးသူပဲ သိလား"
ရှောင်ကျိုက ပီတိဖြာစွာဖြင့်ပြုံးလာသည်။
ထို့နောက် သူကချန်လီကော၏ အပေါ်ဝတ်ကိုကူချွတ်ပေးလိုက်ပြီး ရင်သားတုကိုကူတပ်ပေးနေခဲ့သည်။ သူမက ဆက်လက်ပြီး "ငါနင့်အတွက် ဘယာဇီရာပါဝယ်လာသေးတယ်!အပြာရောင်လေးလေ ဝတ်ကြည့်ဦးမလား???"
ချန်လီကော: "........"
ရှောင်ကျိုက ခါးကိုမတ်မတ်ထားရင်း ချန်လီကော၏ ရင်ဘတ်ကြွက်သားများကို ထိတွေ့နေခဲ့သည်။ သူမက အံ့သြစွာဖြင့် "အား!!ချင်ချင်ရေ နင့်မှာတကယ်ကြီး absတွေရှိတာပဲ"

STAI LEGGENDO
Perfect Destiny Arc9 မြန်မာဘာသာပြန်
AvventuraThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...