3.1(ခွေးသွေးဇာတ်လမ်း)

1.3K 174 1
                                        

"လှပပြီး ပရောပရည်တတ်တဲ့ ပေါချောင်ကောင်းအလှလေး ချန်လီကော (3)"

.

...........................................................................

ပုဇွန်တုပ်စားနေသည့် ချန်လီကောကို
ရှောင်ကျိုက အကဲခတ်နေခဲ့သည်။

အစကနေအဆုံးထိ ချန်လီကောက
အေးအေးဆေးဆေး စားနေခဲ့သည်။
ဒီလောက်အလုပ်ရှုပ်သည့်
စားစရာကိုတောင် သူ့လှုပ်ရှားမှုတွေက
တည်ငြိမ်စွာ တစ်ချက်လေးတောင်
ပေပွမနေဘဲ စားနေနိုင်သည်။
လေးစားစရာအကောင်းဆုံးက
သူ့လက်ချောင်းတွေကို
တစ်ချက်ကလေးတောင်
မှားရမ်းမပြတာပင်။

ယန်ဝမ်းယာကလည်း တစ်ချိန်လုံး
တိတ်ဆိတ်နေပြီး ရှောင်ကျိုက
သူ့ကိုစကားပြောမှ တစ်ခွန်းနှစ်ခွန်းမျှ
ပြန်ပြောသည်။

စိတ်ထဲတွင်တော့ ရှောင်ကျိုက
တိတ်တဆိတ် မှတ်ချက်ချလိုက်သည်။
ဘယ်လောက်ပဲ သူနဲ့ညီအမတွေလို
ခင်မင်တဲ့သူဖြစ်ပါစေဦး။
တခြားသူနဲ့ဆိုရင်တော့ ကိုလူချောပုံစံ
ဖြစ်ရသေးတာပဲဆိုတာပင်။

ထို့နောက် ရှောင်ကျို၏စိတ်အား
ပုဇွန်တုပ်၏ အရည်ရွှမ်းပြီး
အရသာရှိခြင်းက သိမ်းပိုက်သွားသည်။
တစ်ခြားတစ်ဖက်မှာတော့ လျိုရှားရှား၏
အကြည့်အောက်တွင် ချန်လီကောက
နောက်ထပ်ပုဇွန်တုပ်ကို
ကြည့်နေရုံဖြင့်ရပ်လိုက်ရသည်။

သို့သော် ရှောင်ကျိုရှေ့က
ပုဇွန်တုပ်ကြီးဆီက အကြည့်မလွှဲနိုင်သေးတာကြောင့် လျိုရှားရှားက အော်လာသည်။
"စွန်းချင်းရိ ဒီလောက်အစပ်တွေ
အများကြီးစားတာ။မင်းဗိုက်နာမှာ
မကြောက်ဘူးလား!!!"

ချန်လီကောက အကြည့်တွေရုတ်သိမ်းလိုက်ပြီး
ကတိပေးလိုက်သည်။
"ကောင်းပါပြီ"

လျိုရှားရှားက "အချိန်လည်းမစောတော့ဘူး။
ငါရှောင်ကျိုနဲ့ဝမ်းယာကို ပြန်ပို့မလို့
ငါတို့နဲ့ပြန်လိုက်ခဲ့မလား?"

ချန်လီကောကတော့ ရှောင်ကျိုရဲ့
ရှေ့မှာရှိသည့် ပန်းကန်ထဲက
ပုဇွန်တုပ်ကြီးကိုကြည့်နေတုန်း
လျိုရှားရှား၏စကားကို ကြားသည်နှင့်
လွှတ်ပစ်ရတော့မည့် ပုဇွန်တုပ်ကြီးကို
ကြည့်ကာ ဝမ်းနည်းမှုတို့ပေါက်ဖွားလာရသည်။

Perfect Destiny Arc9 မြန်မာဘာသာပြန်Место, где живут истории. Откройте их для себя