လျိုရှားရှားက ချန်လီကောကို အပြင်မှာ စောင်နေခဲ့သည်။
သူထွက်လာတာ မြင်သည်နှင့် အခြေအနေဘယ်လိုရှိလဲ မေးလာသည်။
ချန်လီကောက သူ့လက်ထဲက စာချုပ်ကိုပြကာ "ဟမ့်...ဒီကလူအလုပ်လုပ်ရင် ဘယ်တုန်းက မအောင်မြင်ဖူးတာရှိလို့လဲ???"
လျိုရှားရှားက စာချုပ်ပါအချက်အလက်များကို အကြမ်းဖြင်း ဖတ်ကြည့်ပြီးနောက် စာချုပ်အား အရူးအမူးနမ်းကာ
"ငါနင့်ကိုချစ်လိုက်တာ ချင်ချင်ရယ်"
ချန်လီကောက သူ့စကားကိုကြားသည်နှင့် သူမအားစပ်ဖြဲဖြဲကြည့်ကာ "တကယ်လား??"
လျိုရှားရှားက မြန်မြန်ပြောလာသည်။ "ငါတို့မှာအနာဂတ်ဆိုတာမရှိဘူး"
ချန်လီကော:"......" မင်းက နှလုံးသားမဲ့လိုက်တာ လျိုရှားရှားရယ်.....
လျိုရှားရှား: "ငါပြောပြီးသားပဲလေ ငါက ရုံးတွင်းအချစ်ဇာတ်လမ်းတွေ လက်မခံပါဘူးဆိုတာ...."
ချန်လီကောရဲ့မျက်လုံးတွေက မျက်ရည်များဖြင့် ပြည့်လာပြီး ကျလုနီးပါးဖြစ်လာသည်။
လျိုရှားရှားက သူမမိသားစုရဲ့ ဘိုးဘေးလေး၏ မိတ်ကပ်များပျက်သွားမည်စိုးသောကြောင့် မြန်မြန်ချော့လိုက်သည်။
ချန်လီကောက ဝမ်းနည်းစွာဖြင့် "ရှားရှား နင်ပြောစရာမလိုပါဘူး။ ငါသိပြီးသားပါ"
လျိုရှားရှား: "......."
ချန်လီကော: "ငါသိပါတယ်။ နင်ဘာပြောချင်တာလဲဆိုတာ
ငါသိပါတယ်။ ငါ့ကိုအရူးမလုပ်ပါနဲ့"
ချန်လီကောက သူမရဲ့ideal typeလုံးဝကို မဟုတ်တာ
ကြောင့် လျိုရှားရှားက ဝမ်းနည်းလာသည်။ သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ သူကအဆင်ပြေသော်လည်း
တစ်ဘဝလုံးစာလက်ထပ်ရမည့် ချစ်သူတွေအဖြစ်အတွက်တော့ အဆင်မပြေပေ။ သူမရဲ့ချစ်သူ ကောင်လေးက သူမထက်ပိုပြီးငိုနေမှာ သူမမမြင်ချင်ဆုံးအရာပင်ဖြစ်သည်။
ကားထဲရှိ ချန်လီကောရဲ့အခြေအနေက ဆိုးရွားပုံပေါ်နေတာကြောင့် လျိုရှားရှားက 'ရှောင်ကျိုက ဇာတ်ကားတစ်ကားရထားတယ် ကြားတယ်။ ကြည့်ရတာ သူဒီနေ့ရိုက်ရမယ်ထင်တယ်။ ငါတို့သွားကြည့်ကြမလား???"
YOU ARE READING
Perfect Destiny Arc9 မြန်မာဘာသာပြန်
AdventureThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
