ရိုက်ကူးရေးပြီးသည်နှင့် ချန်လီကောက
အဝတ်အစားလဲရန် ထွက်လာခဲ့သည်။
အပြန်တစ်လမ်းလုံး လျိုရှားရှား၏
မျက်နှာကတင်းမာနေခဲ့ပြီး
သူမကလက်စွပ်နဲ့ပတ်သက်ပြီး
စိတ်ရှုပ်နေပုံရကာ "ထားလိုက်ပါတော့။
ချွတ်လို့မရမှတော့ ဖြတ်ပဲဖြတ်လိုက်ကြတာပေါ့"
လျိုရှားရှားက ချန်လီကောကို
တစ်ချက်ကြည့်လိုက်ကာ "နင်နာမှာ
မကြောက်ဘူးမလား?"
ချန်လီကောက အထိတ်တလန့်ကြည့်ရင်း
"ဖြတ်ရင် ထုံဆေးများများသုံးမှာ
မလား?"
"ဒါပေမဲ့ ထုံဆေးပြယ်ရင် နာမှာပေါ့"
ချန်လီကော: "ဒါဆို ငါစဥ်းစားဦးမယ်"
လျိုရှားရှားက "ချင်ချင်"
"ဘာလဲ?"
လျိုရှားရှားက ပြောမည့်စကားကို
ပြန်မြိုချသွားသဖြင့် ချန်လီကောက
"ပြောလေ ရှားရှား"
"ချင်ချင်..နင့်ရဲ့ဇာတ်ကားက
နည်းနည်းပြဿနာရှိနေတာလား
မသိဘူး"
ချန်လီကောက မသိစွာ "ဘာဖြစ်လို့လဲရော?"
လျိုရှားရှားက အောင့်သက်သက်
ပြောလာသည်။
"ရင်းနှီးမြှုပ်နှံသူက နင့်ကို
ထပ်တွေ့ချင်လို့တဲ့"
"သူတို့တွေ့ချင်သပဆိုလည်း
တွေ့တာပေါ့"
လျိုရှားရှားက စိတ်မရှည်တော့စွာ
ချန်လီကော၏ခေါင်းကို ခေါက်လိုက်ပြီး
"သူကအဲလိုပြောပြီး တွေ့တယ်ဆိုတာထက်
ပိုချင်ပိုနိုင်တာပဲလေ"
ထိုအခါမှ ချန်လီကောက အကြောက်တရားများဖြင့် တုန့်ပြန်လာပြီး "သူ..သူက ငါ့ခန္ဓာကိုယ်ကို
သိမ်းပိုက်မလို့များလား?"
လျိုရှားရှား: ".........." နင်ဒီလောက်
တည့်တိုးကြီး မပြောလို့မရဘူးလား?
ချန်လီကောက သူ့ကိုဖက်လိုက်ပြီး
ငိုညည်းလျက် "မလုပ်ချင်ဘူး၊မလုပ်ချင်ဘူး၊
ဒီကလူက မလုပ်ချင်ဘူးလို့။ကြောက်စရာကြီးရော"
လျိုရှားရှား:"........"
ဒီတစ်ကြိမ်မှာ ချန်လီကောက နစ်နာသူ
ဖြစ်တာကြောင့် သူမကြမ်းတမ်းလို့လည်း
မပြောနိုင်ပေ။
ESTÁS LEYENDO
Perfect Destiny Arc9 မြန်မာဘာသာပြန်
AventuraThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
