"လှပပြီးမြူဆွယ်တတ်တဲ့ ပေါချောင်ကောင်း
အလှလေး ချန်လီကော"
ချန်လီကော မျက်စိစဖွင့်လိုက်တဲ့အချိန်မှာတော့
အလွန်မွှေးပျံ့နေသည့် အနံ့တစ်ခုကိုရရှိခဲ့သည်။
ဒီအနံ့က မွှေးလွန်းပြီး မွှန်ထူလာတာကြောင့်
သူ့ခမျာ မျက်စိတွေအမြန်ပွင့်လာရပြီး
ချောင်းတွေပါ ဆက်တိုက်ဆိုးလာရသည်။
သူချောင်းဆိုးတာရပ်ဖို့ အချိန်အတော်ကြာ
ယူလိုက်ရသည်။
ချန်လီကောက ထိုအနံ့၏ လားရာဘက်အား
နှာခေါင်းတစ်ရှုံ့ရှုံ့ဖြင့် လိုက်နမ်းကြည့်ရာ
အဆုံးမှာတော့ အံ့သြစရာက အနံ့၏ မူလနေရာက သူ့ခန္ဓာကိုယ်က လာခြင်းဖြစ်သည်။
ချန်လီကော: "ဒီအနံ့က ဘာနံ့လဲ?အဟွတ်!အဟွတ်!အဟွတ်! အရမ်းမွှန်တာပဲ! အဟွတ်!အဟွတ်!
အဟွတ်!"
system: ကမ္ဘာသစ်မှကြိုဆိုပါတယ်
သူက ချောင်းဆိုးနေတဲ့ သူ့ပါးစပ်ကို လက်နဲ့ပိတ်ရင်း ရေချိုးခန်းရှိရာသို့ တွားသွားကာ သူ့တစ်ကိုယ်လုံးက အနံ့များ ကင်းစင်သွားစေရန်
ရေချိုးချချင်နေသည်။
သူရေချိုးရန်ပြင် နေတုန်း systemက အရင်ဆုံး သန့်ရှင်းပြီးရင်ဒီကမ္ဘာအတွက် သတင်းအချက်အလက်ကို
စတင် ဒေါင်းလုတ်ဆွဲရန်ပြောလာသည်။
ရေချိုးခန်းထဲ ဝင်လိုက်ပြီးနောက် ချန်လီကောက
ရေပူခလုတ်ကိုဖွင့်ရင်း မှန်ကို တစ်ချက်ငေး
ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံနဲ့ သူ့မျက်နှာသူ လန့်သွားရသည်။ သူ့ရဲ့ နောက်ထပ်စစ်ဆေးမှုကတော့ ဘောင်းဘီဇစ်ကို ဆွဲချပြီး အဓိကနေရာကို စစ်ဆေးလိုက်သည်ပင်။
သူ့ကို သူ့ညီလေးက ချန်မထားခဲ့မှန်း သိလိုက်ရတော့မှ စိတ်ချစွာ သက်ပြင်းချလိုက်သည်။
ချန်လီကောက မှန်ကို အနားကပ်ကြည့်ရင်းကနေ
မှန်ထက်၌ အလွန်လှပါသော ဆံပင်ရှည်ရှည်နှင့်
မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ သူက
တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်လိုက်သည်။
"ထုံထုံရေ!ငါဘယ်လိုလုပ် ဒီလိုကြီးဖြစ်လာရတာလဲ!!!"
YOU ARE READING
Perfect Destiny Arc9 မြန်မာဘာသာပြန်
AdventureThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
