5.1(U)(ရုပ်ရှင်စတင်ပြီ)

795 141 4
                                    

ပေါချောင်ကောင်းအလှလေး ချန်လီကော(၅)

...........................................................................

ဂုံးပဲငံပြာရည် အစပ်ချက်က အလွန်စားကောင်းတာကြောင့် ချန်လီကောက ပျော်််် ရွှင်စွာ စားနေခဲ့သည်။

ရှဲ့အန်းဟဲက စားတောင်မစားနိုင်ဘဲ ချန်လီကောအတွက် ပုဇွန်တွေ ကူခွာပေးနေခဲ့သည်။

ပုဇွန်များက အရမ်းကို လတ်ဆတ်သော်််လည်း ချန်လီကောက အခွံခွာရမှာ ပျင်းတာကြောင့် ပါးစပ်ထဲအကုန်ကောက်ထည့်နေသဖြင့် ရှဲ့အန်းဟဲက သူ့တူကို ချကာ ချန်လီကောအတွက် အခွံခွာပေးနေခဲ့သည်။ လျိုရှားရှားသာ မြင်ပါက သူအဆူခံရနိုင်ပေသည်။

ရှဲ့အန်းဟဲက မေးလာသည်။ "မင်းဗိုက်ဝသွားပြီလား?"

ချန်လီကောက ခေါင်းညိမ့်လိုက်သည်။

"ဒါဆို ကိုယ်နဲ့ လမ်းလျှောက်ကြမလား?"

ချန်လီကောက သူ့အတွက်ပြောတာ ဖြစ်ကြောင်းသိသဖြင့် ခေါင်းထပ်ညိမ့်လိုက်သည်။

ရှဲ့အန်းဟဲက ပိုက်ဆံရှင်းကာ ချန်လီကောနှင့် ထွက်လာခဲ့သည်။ ချန်လီကောက ဗိုက်ပြည့်လွန်းပြီး ဦးနှောက်ကလည်း မကြည်လင်တော့သဖြင့် ရှဲ့အန်းဟဲပြောသမျှကို ခေါင်းပဲညိမ့်ပြနေခဲ့သည်။

ရှဲ့အန်းဟဲက သူ့အပြုအမူများကို စိတ်ထဲမရှိပေ။ ချန်လီကော ပြန်မပြောမချင်း ထပ်တလဲလဲပြောနေကာ သူ့ထံမှ ပြန်အဖြေကို စောင့်နေခဲ့သည်။

နှစ်ယောက်သား စားသောက်ဆိုင်မှ  ထွက်လာအပြီးတွင် ရုတ်တရက် လမ်းဘေးမှ လူတစ်ယောက်က တားလာသည်။

"ရှဲ့အန်းဟဲ မင်းနိုင်ပါတယ်" 

ချန်လီကောက ထိုအသံကို အလွန့်ကို ရင်းနှီးနေခဲ့သည်။ အဲဒီအသံကို သူအစောပိုင်းက ကြားခဲ့ရသည်ကိုး ။ ချန်ဟန်ဝေ၏ အသံဖြစ်နေတာကြောင့် ချန်လီကော၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပေါ် လာခဲ့သည်။

ချန်ဟန်‌ဝေက သူတို့ရှေ့မှာ ပိတ်ရပ်ရင်း မျက်ရည်များ စီးကျစွာ ပြောလာသည်။ သူက သွားကြိတ်လိုက်ရင်း "‌ရှောင်ဝေးကို မထိပါနဲ့။ ငါမင်းနဲ့ နေပေးပါ့မယ်"

Perfect Destiny Arc9 မြန်မာဘာသာပြန်Nơi câu chuyện tồn tại. Hãy khám phá bây giờ