"မြူဆွယ်တတ်သော ပေါချောင်ကောင်းအလှလေး ချန်လီကော"
အချိန်တိုအတွင်းမှာပဲ လျိုရှားရှား၏ ကြောက်စရာကောင်းသည့် အတွေးအမြင်များနှင့်အတူ ချန်လီကောအား အိမ်သာမှအထွက်တွင် လက်မဆေးဘဲ ကြက်ကြော်များစားခိုင်းတော့သည်။
ချန်လီကော.... "နင်ငါနဲ့တူတူ အဲလိုလိုက်စားပေးရင် ငါလည်း စားမယ်လေ"
လျိုရှားရှားက စိတ်ဆိုးစွာ ချန်လီကော၏ လက်သည်းမှ အရောင်နီနီရဲရဲများကို ဖျက်ပေးနေခဲ့သည်။
ချန်လီကောက မျက်ရည်များ ပြည့်နှက်လာပြီး "နင်ဒီကလူကို ရိုက်လိုက်လို့ရပါတယ်။ ဘာလို့များ ဒီကလူရဲ့ လက်သည်းတွေကို ဖျက်ပစ်ရတာလဲ?"
လျိုရှားရှားက "ငါဖျက်ချင်လို့လေ"
ချန်လီကောက သက်ပြင်းချရင်း သူနဲ့ လျိုရှားရှားရဲ့ အချစ်တွေ တစ်စက်မှ မကျန်တော့ကြောင်း သိလိုက်သည်။
အမှန်တကယ်တော့ လျိုရှားရှားစိတ်ထဲတွင် နားမလည်ဆုံးအရာက ရှဲ့အန်းဟဲက ချန်လီကောကို ဘယ်တုန်းကတည်းက သိနေတာလဲဆိုတာပင်။ ထိုသူက ချန်လီကောကို အောင်မြင်နိုင်သည့် အခွင့်အရေးတစ်ခုတောင် ပေးခဲ့သည်။ သူသာ သူ့ကို စိတ်ဝင်စားရင် ထိုအချိန်ကတည်းက စိတ်ဝင်စားကြောင်းပြသင့်တာ မဟုတ်ပါလား။ အခုမှ ရုတ်တရက် သူ့ရဲ့အနုပညာရှင်နဲ့ ပြောမပြနိုင်သည့် ဆက်ဆံရေးလိုချင်ရသည် မသိပေ။
လျိုရှားရှား နားနဲ့မဆန့်အောင် ကြားခဲ့ရသည်က ရှဲ့အန်းဟဲက ဂေးများကို မုန်းသည်ဆိုတာပင်။ သူမက တွေးလေပိုထူးဆန်းလေပင် ဖြစ်လာသည်။
သို့သော် သူမအဖြေကို ရှာပေးနိုင်သူက တစ်ယောက်မှ မရှိပေ။
ရှဲ့အန်းဟဲက အင်အားသုံးလာပြီဖြစ်သည်။ သူက သူပြောသည့်အတိုင်း ချန်လီကောကို တကယ်ရယူနိုင်ပေသည်။
တစ်ပတ်အတွင်းမှာပင် ဒီကိစ္စက သူမကို ခေါင်းမီးတောက်စေသည်။
BẠN ĐANG ĐỌC
Perfect Destiny Arc9 မြန်မာဘာသာပြန်
Phiêu lưuThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
