4.2(U)

1.2K 200 17
                                        


ချန်လီကောရဲ့ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။ သူ့ရဲ့ မူလကမ္ဘာမှာ "မှောင်မိုက်ခြင်းတံတား" ဇာတ်ကားသည် အလွန်ကျော်ကြားသော ရုပ်ရှင်တစ်ခုဖြစ်သည်။ 

၎င်းက သဘာဝလွန် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ကာ ရှုထောင့်မျိုးစုံမှ အသေးစိတ်လွန်းစွာ ရိုက်ကူးထားသော 3D ဇာတ်ကားကောင်းတစ်ကား ဖြစ်သည်။ 

ချန်လီကော နေထိုင်ခဲ့သော မူလကမ္ဘာတွင် ၎င်းက Avatar ဇာတ်ကားနှင့် ပုံစံတူပေသည်။

နိုင်ငံတွင်း ပေါက်မြောက်မှုသည် မမျှော်မှန်းထားလောက်သည့်အထိ အောင်မြင်ခဲ့သည်။ ထို့အပြင် ထိုဇာတ်ကားမှ ဝင်ငွေ အမြောက်အများ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ရုပ်ရှင်ဆုက်ိုတောင် ရရှိခဲ့သည်။ ရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံသူအကြောင်းကလည်း မည်သူမှ မသိခဲ့ပေ။ သို့သော် ယခုထို ဇာတ်ကားက ရှဲ့အန်းဟဲလက်ထဲသို့ ဘယ်လိုရောက်နေမှန်း မသိပေ။

ချန်လီကောက မေးလာသည်။ "အမျိုးသမီး သရုပ်ဆောင် ၃ယောက်လိုနေတာလား? ကျွန်တော်ဇာတ်ညွှန်းကိုမှ မကြည့်ရသေးတာ ဘယ်သူ့ကို ပြောရမလဲ ဘယ်လိုလုပ်သိမလဲ?'

ရှဲ့အန်းဟဲက အမျိုးသမီးသရုပ်ဆောင်၃ယောက်ရဲ့ ကာရိုက်တာအကြောင်းကို အတိုခြုံး ရှင်းပြလာခဲ့သည်။

ချန်လီကောက ခဏတာလောက် တွေးလိုက်ကာ "အင်း...အတွေးထဲပေါ်လာတဲ့တစ်ယောက်တော့ရှိတယ်"

"ဘယ်သူလဲ?"

ချန်လီကော "ယန်ဝမ်းယာ"

ချန်လီကောက အမှတ်တမဲ့ပြောလိုက်သော်လည်း ရှဲ့အန်းဟဲကတော့ မျက်ခုံးပင့်လိုက်သည်။

"ယန်ဝမ်းယာ?" ရှဲ့အန်းဟဲက ဆက်ပြောလာသည်။ "ကိုယ်တော့ သူ့နာမည် တစ်ခါမှ မကြားဖူးဘူး"

"အသစ်လေးလေ။ အရမ်းပါရမီပါတယ်။ အောင်မြင်နိုင်တယ်"

ရှဲ့အန်းဟဲက ခေါင်းညိမ့်လိုက်သည်။

ညစာစားရင်း ပုဇွန်အခွံခွာရချိန်၌ ချန်လီကောက သန့်စင်ခန်းထဲသို့ ဝင်ခဲ့ပြီး လက်ဆေးနေချိန် လျိုရှားရှား သူ့ကို ပြောသည်များကို အမှတ်ရကာ "system ငါငါ့လက်တွေကို မဆေးဘဲ သူ့ကို ပုဇွန်ခွာပေးလိုက်ရင်ရော ဘယ်လို သဘောရလဲ?"

Perfect Destiny Arc9 မြန်မာဘာသာပြန်حيث تعيش القصص. اكتشف الآن