မည်သို့ပင် ဆိုစေ "အရိပ်မီးအိမ်" ရုပ်ရှင် ရိုက်ကွင်းသို့ ချန်လီကော စဝင်လိုက်သည်နှင့် သူ့ကို လူတိုင်းက ကြည့်နေတော့သည်။
ရှဲ့အန်းဟဲက သူ့ထက် အရင်ရောက်နှင့်ပြီး ဇာတ်ညွှန်းကို ဖတ်နေတော့သည်။ သူက ချန်လီကောကို မြင်သည်နှင့် အော်ခေါ် လိုက်သည်။
"ချင်းရိ"
တခြားသူများရှေ့တွင် သူ့အား "ချင်ချင်" လို့ မခေါ် မိအောင် အထူးဆင်ခြင်ပုံရသည်။
ချန်လီကောက အပြုံးမဆိုသာ အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း နှုတ်ဆက်လာသည်။ "ဒါရိုက်တာရှဲ့"
ရှဲ့အန်းဟဲ "မင်းလာပြီလား?"
"အာ ဟုတ်ကဲ့ ကျွန်တော် နောက်ကျသွားလားဗျ?"
ချန်လီကောက ရှဲ့အန်းဟဲ တစ်ယောက် ဆန္ဒတွေ စောနေသည်ဟု ထင်မိသည်။ သို့သော် ရှဲ့အန်းဟဲ နာရီဝက်ကြိုရောက်နေသည့်အကြောင်းကို သူသိသွားသည်။ လျိုရှားရှားဆိုသည့် သိုက်တူးသမားက သူ့အား ကိုယ်လုံးတီးအခန်းတွေ မပါဘူးပြောထားသော်လည်း ဒါရိုက်တာက သူ့အား အဝတ်များ စချွတ်ခိုင်းတော့သည်။
ချန်လီကောက သူ့ကို အားနာနာဖြင့် ပြုံးပြနေသော လျိုရှားရှားကို လှမ်းကြည့်လိုက်သည်။
"ဟဲဟဲဟဲ ဟိုဟာလေ ငါတို့က ဒီအခန်းကို နင်မလာခင် အစမ်းကြိုရိုက်ကြည့်နေတာ"
သူမက ချန်လီကောအား ထိုအခန်းတွေ မဖျက်ကြောင်း တစ်ရက်နှစ်ရက်ကြာမှ ပြောမည် စဥ◌်းစားထားသော်လည်း ရှဲ့အန်းဟဲက ထိုစိတ်ကူးကို ဖျက်ခဲ့သည်ပင်။
လျိုရှားရှား "ဒါရိုက်တာကြီး ဒီအခန်းအတွက် သူတို့အချင်းချင်း ညှိခိုင်းချင်သေးတာလား?"
ဒါရိုက်တာ "သူတို့ကို အရင်ခံစားချက်ထည့်ခိုင်းလိုက်ဦး"
လျိုရှားရှား "......" ဘယ်လိုခံစားချက်တုန်း? ဖြေလျှော့တာလား???
လျိုရှားရှားက ဘောင်ကျော်တွေးနေလည်း ဒါရိုက်တာက သူတကယ်ရိုက်ချင်သည့်ပုံစံကို ပြောလာခဲ့သည်။
သေချာသိရှိသွားပြီးနောက် ချန်လီကောက အတွင်းခံဘောင်းဘီလေးတစ်ခုတည်း ချန်လျက် သူ့အဝတ်အစားအကုန် ချွတ်လိုက်ရသည်။
VOCÊ ESTÁ LENDO
Perfect Destiny Arc9 မြန်မာဘာသာပြန်
AventuraThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
