6.1(U)(တွဲနေကြပြီ)

1.1K 144 4
                                        

ဒီ Arcက ၁၆ပိုင်းလားရှိတာကို စလိုးမိုးရှင်းနဲ့သွားနေတာ ပြီးဦးမယ်ထင်တယ်....ဟဟ


-------------------------------------------------------------------------

ပေါချောင်ကောင်းအလှလေးချန်လီကော(၆)

..........................

မျက်စိစပါး‌မွှေးစူးစရာဆိုတာ ချန်လီကောရဲ့ လက်သည်းနီဆိုးတာလောက် ကမ္ဘာပေါ် မှာ ရှိပါဦးမလား????လက်တစ်ဖက်က သူ့အရာကို ဖြေလျှော့နေပြီး တစ်ဖက်က လက်သည်းနီဆိုးနေတာလေ???

system သူ့ရဲ့ စနစ်ကို သာ ကျေးဇူးတင်မိသည်။ သူ့ရဲ့မျက်လုံးအမြင်တွေအားလုံးက ဝါးခံထားရသည်လေ.............ဘာသံမှလည်းမကြားရဘူး....

လျိုရှားရှား သူ့ကို မိသွားပြီးနောက်ပိုင်း ချန်လီကောက နွေဦးနှင့်ဆောင်းအကုန်ရာသီကို မဖြတ်သန်းရဲတော့ကာ လိမ်််််လိမ်မာမာလေး TVကို ပိတ်လိုက်ပြီး ကုတင်ပေါ် သွားလှဲလိုက်သည်။

နောက်တစ်နေ့တွင် အရိပ်မီးအိမ်ဇာတ်လမ်း ဆက်ရိုက်ကူးခဲ့သည်။

တခြားသူတွေတော့ မသိပေမဲ့ ချန်လီကောက သူ့ကိုယ်သူ သရုပ်ဆောင်ပိုင်းမှာ တစ်ခုခုလိုနေသလို ခံစားရပြီး အားမရပေ။

ချန်လီကောနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရှဲ့အန်းဟဲက သရုပ်ဆောင် အလွန်ပိုင်နိုင်နေသည်။ ဇာတ်ကောင်ထဲကို စီးမြောလိုက်သည်နှင့် ချက်ချင်းဆိုသလို တည်ငြိမ်ရင့်ကျက်သည့် သက်လတ်ပိုင်းအရွယ်မှ အထက်တန်းစီနီယာကျောင်းသားအဖြစ် သူ့ရဲ့ စိတ်နေစိတ်ထားကိုပါ သဘာဝအတိုင်းပြုပြင်လိုက်သည်။

အိပ်ရာပေါ်် က အခန်းက တကယ့်ကို ခံစားချက်ပြင်းထန်ရသည့်အခန်း ဖြစ်သည်။

ယိုကွမ်းနေရာ သရုပ်ဆောင်သည့် ချန်လီကောက သူကအရင် လီမော့နျန်််် ကို စကြိုက်ရသည့်သူ ဖြစ်တာကြောင့် လွတ်လပ်ပေါ့ပါးသော ခံစားချက်ကို ထည့်ရသည်။ ရှဲ့အန်းဟဲဘက်မှာတော့ လီမော့နျန်သည် စစချင်း အချစ်ဟု မရေရာခဲ့သော်် လည်း ဒီခံစားချက်မှာ တဖြည်းဖြည်း ပျော််််ဝင်လာသည့်သူမျိုး သရုပ်ဆောင်ရသည်။

လီမော့နျန်က ယိုကွမ်းနှင့် မပတ်သက်ခင် စာကြမ်းပိုးတစ်ယောက်ဖြစ်သည်။ ဒီကမ္ဘာမှာ ‌လိင်တူချစ်ကြိုက်လို့ရသည်ဆိုတာ မသိထားသူတစ်ဦးဖြစ်ပြီး အစပိုင်းတွင် ကြောက်ရွံ့တုန်လှုပ်နေသည်။ နောက်ပိုင်းတွင် ယိုကွမ်း၏ ‌‌ဖျောင်းဖြမှုနှင့် လမ်းပြမှုကြောင့် သူ့နှလုံးအိမ်က အေးဆေးတည်ငြိမ်လာခဲ့သည်။

Perfect Destiny Arc9 မြန်မာဘာသာပြန်Wo Geschichten leben. Entdecke jetzt