7.3

492 52 3
                                        

စွန်းချင်းရိက ယန်ဝမ်းယာ၏ ရိုက်ကွင်းကို အမြဲလာကြည့်သဖြင့် ရိုက်ကွင်းတစ်ကွင်းလုံးက သူမကို ဖူးဖူးမှုတ်ထားကြတော့သည်။

ချန်လီကော အိမ်ပြန်ရောက်ရောက်ချင်း လျိုရှားရှားက သူ့ကို ဖုန်းခေါ် လာသည်။ သူ့အသံက စူးစူးဝါးဝါးဖြင့် "စွန်းချင်ချင် လိုင်းပေါ် တက်ပြီး ကြည့်လိုက်စမ်း"

ချန်လီကောက စိတ်ရှုပ်လျက် မေးလာသည်။ "ဘာလဲ"

လျိုရှားရှားက "နင် ဂါဝန်ဝတ်ထားတဲ့ ပုံကြီး လိုင်းပေါ် ပြန့်နေတယ်"

ချန်လီကော ချက်ချင်းပဲ ကွန်ပျူတာ ဖွင့်လိုက်တော့ အင်တာနက်မှ လေထုအေးအေးကြီးတစ်ခုကို ရလိုက်တယ်။

ပေ့ချ်တော််တော် များများက စကပ်အနီကြီးဝတ်ထားသည့် စွန်းချင်းရိ၏ ပုံကို တင်ထားသည်။

"ဒီပုံက ဘယ်တုန်းက ရိုက်ထားတာလဲဟ" ချန်လီကောက ၎င်းအချိန်ကို စဥ်းစားလို့မရပေ။ အကြောင်းကတော့ သူစွန်းချင်ချင်ဖြစ်ကတည်းက စကပ်မဝတ်သော အချိန်ကရှားသောကြောင့် ဖြစ်သည်။

လျိုရှားရှားက "စိတ်မပူနဲ့ ငါနင့်ဆီ လာခဲ့မယ်"

ချန်လီကောက စိတ်ပျက်စွာ ကွန်ပျူတာကို ပိတ်လိုက်သည်။

လျိုရှားရှား ချွေးတွေ ရွှဲစွာ ရောက်လာပြီး မေးလာသည်။ "နင်အဲပုံ ဘယ်တုန်းက ရိုက်ထားတာလဲ"

"အရင်တုန်း.......က"

"ကြည့်ရတာ တစ်ယောက်ယောက်က နင့်ကို မျက်စိဒေါက်ထောက် ကြည့်နေသလိုပဲ နင်ရှဲ့အန်းဟဲနဲ့ ဆက်သွယ်သေးလား"

"ငါက သူ့ ဘာလို့ ဆက်သွယ်ရမှာလဲ"

လျိုရှားရှားက သူ့ခေါင်းကို ပွတ်လျက် "သူ့ကို ကူညီခိုင်းဖို့ပေါ့ အချစ်ကလေးရဲ့"

ချန်လီကောက သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

တစ်ဖက်လူရဲ့ အမူအရာကို ကြည့်ပြီး လျိုရှားရှားက "စွန်းချင်ချင် နင် သူ့ကို မကူညီစေချင်တာတော့ မဟုတ်ဘူးမလား"

"ငါ...ငါ သူ့ကို ဘယ်လို ပြောရမလဲ မသိလို့ပါ"

"ဖုန်းယူလိုက် ငါခေါ် မယ်"

Perfect Destiny Arc9 မြန်မာဘာသာပြန်Where stories live. Discover now