ချန်လီကောအစကတွေးထားသည်က ချန်ဟန်ဝေကို ရှဲ့အန်းဟဲက ဖြတ်ချင်တာကြောင့် လျှောက်ပြောသည်ထင်သော််််လည်း ၂ရက်အကြာတွင် ချန်ဟန်ဝေ၏ တရားမဝင် မူးယစ်ဆေး သုံးစွဲမှု ပေါ် ပေါက်လာခဲ့ပြီး ထိုကိစ္စက ရှဲ့အန်းဟဲလုပ်သည်ဆိုတာ သိသာပေသည်။ သတင်းတွင်တော့ တာဝန်သိပြည်သူတစ်ယောက်က ချန်ဟန်ဝေနှင့်သူ့ကောင်မလေး ဆေးသုံးနေမှုအား တိုင်တန်းလာသည်ဟု ရဲများက ထုတ်ပြန်ခဲ့သည်။
အနုပညာလောကက ကျယ်ပြန့်တာကြောင့် စူပါစတားတစ်ယောက်၏ ဘဝကလည်း အစစအရာရာ သတိထားဖို့လိုပေသည်။ ယခုကဲ့သို့ တရားမဝင် မူးယစ်ဆေးသုံးစွဲမှုတွင် ထိုသရုပ်ဆောင်က ဤလောကထဲမှ တရားဝင် ထွက်ခွာရပေမည်။
ထိုအချိန်က ချန်လီကော သူ့အိမ်ရှိ ဆိုဖာပေါ် ၌ သတင်းစာထိုင်ဖတ်နေချိန် ဖြစ်သည်။ သူ့မျက်လုံးများက ဝိုင်းစက်နေရာကနေ မျက်ရည်များကျလာခဲ့သောကြောင့် လက်ရှိခန္ဓာကိုယ်၏ မျက်ရည်ဂလန်းများကို အပြစ်တင်နေလိုက်သည်။ ချန်လီကောက သူ့ကိုယ်သူအတွက် ပန်းသီးအခွံခွာနေတုန်းမှာပဲ မျက်ရည်က မထိန်းနိုင်ဘဲ ကျလာပြန်သည်။
လျိုရှားရှား သူ့ကို လာရှာချိန်၌ သူမမိသားစုဝင်၏ မျက်ရည်များပြည့်နေသည့် ပုံစံကို ကျင့်သားရစွာ ဘေးမှာ ထိုင်ချလိုက်ရင်း "နင်ဇာတ်ညွှန်း ဖတ်ပြီးပြီလား?"
ချန်လီကောက ဇာတ်ညွှန်းအား ကြိမ်ဖန်များစွာ ဖတ်ပြီး ကျင့်သားပင်ရနေခဲ့ပြီ ဖြစ်သည်။ သို့သော််််လည်း "အင်း ပြီးခါနီးပါပြီ"
"အင်း ငါနင့်ကို ယုံပါတယ်"
ချန်လီကောက အံကိုကြိတ်လျက် "ဒါပေမဲ့လေ ဒီကလူ ရှဲ့အန်းဟဲကို အရမ်းကြောက်တာပဲ"
"နင်က ဘာကိုကြောက်နေတာလဲ? သူက သူများကို ဖိအားပေးတဲ့သူမျိုး မဟုတ်ပါဘူး" လျိုရှားရှားက ဤစကားကို လိပ်ပြာမလုံဘဲ ပြောလိုက်တာဖြစ်သည်။ ရှဲ့အန်းဟဲသာ ချန်လီကောကို ဖိအားပေးချင်ရင် နည်းတွေအများကြီးရှိသည်။
ချန်လီကော၏ လက်ရှိအခြေအနေနဲ့ဆို ရှဲ့အန်းဟဲကို အနိုင်လည်း မတိုက်နိုင်ပေ။
DU LIEST GERADE
Perfect Destiny Arc9 မြန်မာဘာသာပြန်
AbenteuerThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
