2.3 (U)

1.4K 230 9
                                    

ည၁၁နာရီထိုးတော့မည်ဖြစ်သဖြင့် လမ်းများဟာလည်းတဖြည်းဖြည်း တိတ်ဆိတ်လာသည်။
ရှောင်ကျိုကတော့ ချန်လီကောမိန်းမအဝတ်အစားများဝတ်တာကို ပထမဆုံးအကြိမ်
မြင်ဖူးသောကြောင့် စိတ်လှုပ်ရှားနေပြီး
အိမ်ပြန်ချင်စိတ်မရှိပေ။

ချန်လီကော: "အရမ်းနောက်ကျနေပြီ!ရှောင်ကျိုကျို ပေါင်ပေါင်းရေ ငါတို့အိမ်ပြန်သင့်ပြီနော်"

"နောက်မကျသေးပါဘူး!ငါတို့ တုတ်ထိုးနည်းနည်းလောက်ထပ်စားရအောင်"

"ဒါပေမဲ့..."

သူစကားပြောမပြီးသေးခင်မှာပင် လူနှစ်ယောက်သားက လမ်းတစ်ဖက်မှပေါ်လာခဲ့သည်။ ထို့နောက် ထိုလူနှစ်ယောက်က "အလှလေးနှစ်ယောက် အကိုကြီးတို့နဲ့ လိုက်မသောက်ချင်ဘူးလား???"

ချန်လီကောကတော့ ကြောက်နေသည့်ပုံစံဖြစ်နေသော်လည်း နှလုံးသားထဲ၌ ပျော်ရွှင်မှုများပြည့်နှက်နေခဲ့သည်။ ထို့နောက် သေတော့မည့်မျက်နှာဖြင့် systemအားပြောလာသည်က "မထင်မှတ်ထားတာတွေဖြစ်လာတာပဲ!ပျော်သွားပြီလို့!"

System: "........" မင်းတော့သေပြီပဲ ချန်လီကော

ရှောင်ကျိုက ခပ်တည်တည်ဖြင့် "မလိုပါဘူး!ကျွန်မတို့အိမ်ပြန်မှာ"

သူတို့အနီးနား၌ တခြားလူများမရှိသည်ကို မြင်သည်နှင့် လူနှစ်ယောက်ကစတင်ရိသဲ့သဲ့လုပ်လာခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ချန်လီကောအားစိုက်ကြည့်ကာ "ဒီအလှလေးရဲ့ရင်ဘတ်က ကြီးလိုက်တာ!သူ့ကောင်လေးက နေ့တိုင်းကိုင်နေလို့များလား???"

ချန်လီကော:"........" အစ်ကိုကြီးတော့ ငါလေးရဲ့အောက်ပိုင်းလည်းကြီးပါတယ်!ကိုင်ပြီးမပွတ်သပ်ချင်ကြဘူးလား????

ရှောင်ကျိုက ဒေါသထွက်စွာ "ရှင်တို့ဘာတွေလာပြောနေကြတာလဲ???မထွက်သွားရင် ရဲခေါ်လိုက်မှာနော်"

လူနှစ်ယောက်က ရှောင်ကျိုဒေါသထွက်နေသည်ကိုမြင်လိုက်သည်နှင့် ဟားတိုက်ကာရယ်လာကြသည်။ သူတို့က "အလှလေး ကြောက်မနေပါနဲ့
အစ်ကိုကြီးတို့က ဘာမှမလုပ်ပါဘူး!မင်းအစ်မကိုကြည့်ပါ့လား!!သူတောင်ဒေါသထွက်မနေဘူး!" သူတို့ကပြောပြီးသည်နှင့် ရှေ့တိုးလာကာ ရှောင်ကျိုအားဆွဲရန်ပြင်လိုက်ကြသည်။

Perfect Destiny Arc9 မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora