သို့သော်လည်း ချန်လီကော
စိုးရိမ်တာကလည်း ဖြစ်သင့်တာပင်။
နောက်တစ်နေ့ရှိ လျိုရှားရှား၏
အပြုအမူက ချန်လီကော
ထင်ထားသည့်အတိုင်းပင်....
သူမက ချန်လီကောကို မြင်သည်နှင့်
"အချစ်ကလေး နင့်ကြည့်ရတာ
စိတ်အခြေအနေကောင်းနေသလိုပဲ။
လက်စွပ်တွေဘာတွေဝတ်လို့"
ချန်လီကောက အားမရှိစွာ ပြုံးလိုက်သည်။
သူမဆက်ပြောလာသည်က
"ချင်းရိ လက်စွပ်ကိုအခုချက်ချင်း
ချွတ်လိုက်!နင်ဒီနေ့ ကြော်ညာရိုက်ရမှာ!"
ချန်လီကောက သူ့လက်ကို
ကနွဲ့ကလျ ဖြန့်ပြလာကာ
ပြောလာသည်။
"ဒီလက်စွပ်ကိုချွတ်လိုက်ရင်
ငါကနင့်လူဖြစ်သွားပြီနော်"
လျိုရှားရှား:"အိုက်ယား လက်စွပ်မချွတ်လည်း
ရပါတယ်လေ"
ချန်လီကော: "..........."
လျိုရှားရှား: "နောက်နေတာတော်လိုက်တော့!
လက်စွပ်ချွတ်ပြီး သွားကြစို့"
ချန်လီကောက ခေါင်းခါလိုက်ပြီး
"ရှားရှား ငါတကယ်ဒါကြီးကို
ချွတ်မရတာ"
အစပိုင်း၌ လျိုရှားရှားက ချန်လီကော
နောက်နေသည်ဟု ထင်ခဲ့သည်။
နောက်ပိုင်းတွင်တော့ သူမပါချွတ်ပေး၍
မရသောကြောင့် သူမပေါက်ကွဲလာခဲ့သည်။
"စွန်းချင်ချင်!!!!ဒီလိုလုပ်ရပ်က
နင့်ကိုရိုက်သတ်ပစ်ချင်တယ်ဆိုတာ
သိရဲ့လား!!!"
"အင်း ငါသိပါတယ်"
"ဓားဘယ်မှာလဲ?"
ချန်လီကော: "......."
လျိုရှားရှားက "နင့်လက်ကိုဖြတ်လိုက်ရင်
ရချင်ရသွားမှာ။နင့်လက်စွပ်က
ချွတ်လို့မရမှတော့ လက်ချောင်းပဲ
ဖြတ်လိုက်ကြတာပေါ့။အိုး...မေ့တော့မလို့
ဒီခေတ်ကြီးထဲမှာ တိုးလည်းတိုးတက်နေပြီ
ဆိုတော့ လက်ချောင်းလေးတစ်ချောင်း
ဖြတ်တာက ဘာမှမဖြစ်လောက်ပါဘူး"
ချန်လီကောက ကြောက်လွန်း၍
ပေါင်နှစ်ဖက်တုန်လှုပ်လာပြီး
သေးတောင် ပေါက်ချမတတ်ဖြစ်နေခဲ့သည်။
လျိုရှားရှားက လက်စွပ်ကို
ရန်သူသဖွယ် စိုက်ကြည့်နေခဲ့သည်။
နေ့တစ်ဝက်လောက် ဆွဲချွတ်ခဲ့ပြီးနောက်
လက်စွပ်က ချန်လီကော၏လက်တွင်
ပုံမပျက်ရှိနေသဖြင့် သံသယဝင်လာကာ
မေးလာသည်။
"စွန်းချင်ချင် နင်လက်စွပ်ကို
စူပါဂလူးတော့ မကပ်မိလောက်ပါဘူးနော်"
KAMU SEDANG MEMBACA
Perfect Destiny Arc9 မြန်မာဘာသာပြန်
PertualanganThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...
