6.3(U)

794 101 7
                                        



ချန်လီကောနှင့် ရှဲ့အန်းဟဲ၏ ဆက်ဆံရေးကြောင့် ယန်ဝမ်းယာ၏ ကိစ္စများအားလုံးကလည်း အဆင်ပြေချော‌မွေ့နေခဲ့သည်။

သူမရဲ့ ဇာတ်ရုပ်ကို သေချာသရုပ်ဆောင်နိုင်သောကြောင့် တတိယအမျိုးသမီးသရုပ်ဆောင်နေရာရသော ယန်ဝမ်းယာလို လူသစ်ကို ရိုက်ကွင်းကလူအားလုံးက အံ့အားသင့်နေကြသည်။

သူမအား အကောက်ကြံသော အမျိုးသမီးအား ရဲများကလည်း ဖမ်းသွားခဲ့ပြီ။

ချန်လီကောက ယန်ဝမ်းယာကို ‌သေချာစိုက်ကြည့်နေခဲ့သည်။ သူ ရိုက်ကွင်းထဲကို ဝင်လိုက်သည်နှင့် ယန်ဝမ်းယာကို အသီးနွှင်ပေးနေသော ရှောင်ကျိုက သူ့ကို လှမ်းအော်လိုက်သည်။ "ချင်းရိ"

ချန်လီကောက မေးလိုက်သည်။ "အဆင်ပြေရဲ့လား?"

ယန်ဝမ်းယာက ဝမ်းသာသွားကာ အဆင်ပြေကြောင်း ပြန်ဖြေလာရင်း သူ့အား ချန်လီကော ကြည့်ဖို့လာတာ မယုံနိုင်ဖြစ်သွားရသည်။

ချန်လီကောက ခေါင်းညိမ့်ကာ "ငါမင်းနဲ့ အရင်က အကုန်ဆွေးနွေးခဲ့သလိုပဲ။ တစ်ခုခုဖြစ်ခဲ့ပေမဲ့ ငါမကူညီနိုင်ခဲ့ဘူး"

ယန်ဝမ်းယာ..... "စွန်းကော အများကြီး မတွေးပါနဲ့။ ကျွန်မ ဂရုမစိုက်မိတာပါ။ ကျွန်မသေချာ စစ်ဆေးခဲ့ရမှာ။ ဒါက ကတ္တရာရေအိုးစင်စစ်ပါ။ ကျွန်မလည်း ရိုက်ကူးရေးအဖွဲ့ဝင်တွေကို သေချာ မစစ်ဆေးလိုက်ရဘူး"

"ဒါဆို ကျန်းမာရေးကို ဂရုစိုက်ပါ" ချန်လီကောဆိုလိုတာက မနာလိုသည့် သူ လောင်းလိုက်သည့် ကတ္တရာစီးက ယန်ဝမ်းယာကို အရေပြားထိခိုက်စေခဲ့သော်လည်း ရိုက်ကူးရေးကိုတော့ အနှောင့်အယှက် မဖြစ်ပေ။

ယန်ဝမ်းယာက ခေါင်းကို အဆက်မပြတ်ညိမ့်ပြခဲ့သည်။

ထို့နောက် ခဏအကြာတွင် ချန်လီကောက ထွက်လာခဲ့သည်။

သူထွက်သွားသည်ထိ ယန်ဝမ်းယာက သူ့နောက်ကျောကို ငေးကြည့်နေခဲ့သည်။

"ဝမ်းယာ နင် စွန်းကောကို ကြိုက်နေတာလား?" ရှောင်ကျိုက မေးလိုက်သည်။

ယန်ဝမ်းယာက မျက်တောင်များကို တဖြတ်ဖြတ်ခတ်ကာ ကျိန်သလို ပြောလာသည်။ "နင်ဘာတွေပြောနေတာလဲ ရှောင်ကျိုရယ်...ငါ...ငါသူ့ကို သဘောကျရင်တောင် ငါက သူနဲ့ မတန်ပါဘူး"

Perfect Destiny Arc9 မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora