7.2

441 53 3
                                        

Zawgyi not available, not sure to post. So, sorry about that ထုခွန်............


ရှဲ့အန်းဟဲ စကပ်ဝတ်ပြီးနောက်..................

ချန်လီကော ------------ "အိုး ဒီလူ့အိမ်သားက အရမ်းလှတာပဲ"

System------- "ဒီလူနှစ်ယောက်ကို ကြည့်စရာ အကြောင်းကို မရှိတော့ဘူး"

သူက သူ့ဆီ လက်ကမ်းလျက် "မိန်းမငယ်လေး လိုအပ်တာတစ်ခုခု ရှိလား"

ရှဲ့အန်းဟဲက ဒေါက်ဖိနပ်ကြီးစီးလျက် မျက်နှာရှုံ့မဲ့စွာဖြင့် "ငါ့ကောင်လေးက ငါ့ကို လွမ်းနေလို့ မင်းငါ့ကို အပြင်ခေါ် ထုတ်ပေးလို့ရမလား"

ချန်လီကောက ညစ်ကျယ်ကျယ်ပြုံးလျက် "မိန်းကလေး မင်းငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ"

ရှဲ့အန်းဟဲက ဆက်ဟန်ဆောင်ပေးလျက် "ဒါဆိုလည်း ဝေးဝေးသွား အော််််််လိုက်မှာနော်"

ချန်လီကောက သူ့ကိုယ်သူ ဆိုဖာပေါ် ပစ်လှဲချလျက် "အိုး မိန်းကလေးရယ် မအော််််််လိုက်ပါနဲ့။ ငါမင်းနဲ့ မကစားရသေးဘူးလေ"

ရှဲ့အန်းဟဲက ချန်လီကောအပေါ်် လွှမ်းလျက် "သခင်ကြီး ရှင်က ကစားချင်သေးတာလား"

ချန်လီကောက အံ့သြလျက် "မကစားချင်ပါဘူး"

"မကစားချင်ဘူးလား။ သခင်ကြီး အစောကပြောတော့"

ချန်လီကောက ခါးနာလာပြီး တံတွေးမြိုချကာ "မကစားချင်တော့ဘူးဆို"

ရှဲ့အန်းဟဲက သူ့ကို ထားခဲ့ပြီး အိပ်ခန်းထဲဝင်သွားပြီးနောက် လက်ထဲတွင် မိန်းမဝတ်ဂါဝန်တစ်ထည် ပါလာသည်။ 

သူတို့ရဲ့ ပြီးခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုပြီးတဲ့နောက် ချန်လီကောက သူ့ရဲ့ ရင်ဘတ်အတုကို ကုတင်အောက်ပစ်သွင်းခဲ့သော်လည်း ရှဲ့အန်းဟဲက ၎င်းကိုပါ ဆွဲထုတ်လာပြီး 

"ကိုယ့်ဖိနပ်တွေ ချွတ်ဖို့လုပ်ရင်း ကုတင်အောက် ကြည့်မိသွားတယ်"

"တော််တော် တိုက်ဆိုင်တာပဲနော်"

ရှဲ့အန်းဟဲက "ကိုယ့်ကို မပြောနဲ့နော် မင်းမဝတ်ဘူးလို့"

ချန်လီကောက ပြုံးလျက် သွားဝတ်လိုက်ရသည်။

ရှဲ့အန်းဟဲရဲ့ အမြင်ထဲတွင် ရင်ဘတ်အတုနှင့် ချန်လီကောက အလှဆုံးဖြစ်နေသည်။

Perfect Destiny Arc9 မြန်မာဘာသာပြန်Where stories live. Discover now