နောက်တစ်နေ့မနက်၁၀နါရီတွင်
လျိုရှားရှားက သူ့ကိုဖုန်းခေါ်ကာ
အိမ်တံခါးဖွင့်ခိုင်းတော့သည်။ညအိပ်၀တ်စုံနှင့် ဆံပင်တွေရှုပ်ပွနေသော ချန်လီကောက တံခါးကိုငိုက်မြည်းစွာ ဖွင့်လာသည်။ တံခါးဖွင့်ဖွင့်ခြင်းမှာပဲ လျိုရှားရှားက သူ့ကိုဖက်လာသည်။
လျိုရှားရှားက စိတ်လှုပ်ရှားစွာဖြင့် "ငါအခုတော့ အကြောင်းရင်းကိုသိခဲ့ပြီ"
ချန်လီကောက မေးခွန်းပေါင်းများစွာဖြင့် "ဘာကိုသိခဲ့တာလဲ?"
လျိုရှားရှားက "သူနင့်ကို ဘာလို့ရွေးရတာလဲ ဆိုတာပေါ့"
ချန်လီကောက မေးလိုက်သည်။ "ဘယ်သူက ဘယ်သူ့ကို ရွေးလိုက်တာလဲ?"
"မြန်မြန် မျက်နှာပဲသွားသစ်ပါတော့"
ချန်လီကောက မျက်နှာကို အမြန်နှုန်းနှင့် သစ်လာပြီး ဧည့်ခန်းထဲသို့ သရဲတစ်ကောင်လို ဝင်လာခဲ့သည်။
လျိုရှားရှားက ဓာတ်ပုံတစ်ပုံကို ချန်လီကောရှေ့ ချပြလာသည်။
ချန်လီကောက ဓာတ်ပုံကို ကောက်ကြည့်လိုက်သည်။ ဓာတ်ပုံထဲက သူက သူနှင့် ၇ပုံပုံလျှင် ၇ပုံလုံးတူပြီး သူတို့က ညီအစ်ကိုလို့ ပြောရင်တောင် ယုံကြမည်ပင်။ တော်တော်လေးမတူတာဆိုလို့ ချန်လီကောရဲ့ မျက်လုံးအကြည့်က နူးညံ့သိမ်မွေ့ပြီး ထိုသူက ခက်ထန်စွာကြည့်တတ်တာပင်..........
ချန်လီကောက ဓာတ်ပုံကိုမြင်မှ အိပ်မက်က လန့်နိုးလာခဲ့သည်။ ရုတ်တရက် ခွေးသွေးဒရမ်မာကြီးက သူ့ရှေ့ကို ဘွားခနဲပေါ်လာသလိုပင်....သူက ထရပ်လိုက်ပြီး မေးလာသည်။ "ဒါကဘာလဲ?"
လျိုရှားရှားက "ငါအဲအကြောင်းကို အကြာကြီး စုံစမ်းနေတာ။ ငါနောက်ဆုံးတော့ သိလာခဲ့ပြီ။ ရှဲ့အန်းဟဲက ဒီလူကို အကြာကြီးရှာနေခဲ့တာတဲ့"
ချန်လီကောက မေးလာသည်။ "အဲဒါဆို ငါက အစားထိုးတစ်ယောက်သာသာပေါ့"
"အင်း ဖြစ်နိုင်တယ်။"
ချန်လီကောက ဖြစ်ရပ်မှန်ကြီးကို ခေါင်းထဲထပ်တလဲလဲ တွေးလိုက်သည်။
YOU ARE READING
Perfect Destiny Arc9 မြန်မာဘာသာပြန်
AdventureThis is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက် သိလိုက်တာက သူတွေ့ဖူးသမျှ ယောက်ျားတိုင်းဟာ ရုပ်လည်းချောသ...